ထောင်ထမင်းကအရမ်းကြမ်းလို့ အစပ်လေးပါမှမြိုချနိုင်တယ်ဆိုတဲ့ လူငယ်လေးတွေအတွက် ကြက်သားမွှကြော်လေးပြင်ဆင်နေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/84/8406e235694ca33d1d10b7cb2e6e7f6643396910.jpeg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ထောင်ထမင်းကအရမ်းကြမ်းလို့ အစပ်လေးပါမှမြိုချနိုင်တယ်ဆိုတဲ့ လူငယ်လေးတွေအတွက် ကြက်သားမွှကြော်လေးပြင်ဆင်နေတဲ့ ပြည်သူတစ်ဦး

လက်ရှိရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေမှာဆိုရင် လူငယ်တွေအများအပြားက ပြည်သူတွေအားလုံးရဲ့အနာဂတ်အတွက် အနစ်နာခံပြီး ခွန်အားရှိသလောက်နဲ့ ကြိုးစားပေးနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ဒီနေ့အချိန်ထိဆိုရင် ဖမ်းဆီးခံရတဲ့လူငယ်လေးတွေအများအပြားရှိနေပြီး တချို့တွေဆိုရင် ထောင်ဒဏ်ချမှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့ပြည်သူတိုင်းအတွက် ရှေ့နေတချို့က ဉပဒေဘောင်အတွင်းကနေ တတ်နိုင်သမျှ လိုက်လံကူညီပေးနေကြတာကိုလည်းတွေ့ရပါတယ်။  

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိဘရဲ့ရင်ခွင်ထဲမှာ ပြည့်ပြည့်စုံစုံနေထိုင်ရတဲ့ လူငယ်လေးတွေအတွက်တော့ ထောင်ဆိုတာ အရမ်းကြမ်းတမ်းတဲ့နေရာပဲဖြစ်ပါတယ်။ဒါပေမယ့်လည်း လူငယ်လေးတွေက ကြုံတွေ့လာရတဲ့ခါးသီးမှုတွေကို အပြုံးမပျက်ဘဲရင်ဆိုင်နေကြပြီး  ချုပ်နှောင်ခံထားရချိန်မှာ အဆင်ပြေသလိုနေထိုင်စားသောက်နေကြတာဖြစ်ပါတယ်။မိသားစုဝင်တွေကလည်း မိမိတို့ရဲ့ကလေးတွေအတွက် စားစရာတချို့နဲ့ လိုအပ်တဲ့ပစ္စည်းလေးတွေကို ပို့ပေးပြီး အမြန်ဆုံးလွတ်မြောက်ဖို့အတွက်ဆုတောင်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အိုးဘိုထောင်ကို ခဏရောက်ရှိနေကြတဲ့လူငယ်တွေအတွက် စေတနာရှင်ပြည်သူတစ်ဦးက ကြက်သားမွှငရုတ်သီးကြော်ကို ပို့ပေးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ထောင်ထမင်းကအရမ်းကြမ်းလို့ အစပ်လေးပါမှ မြိုချနိုင်တာလို့ အိမ်ပြန်လာတဲ့လူငယ်လေးတစ်ယောက်က ပြောပြဖူးတယ်လို့သိရပါတယ်။ဒါ့ကြောင့်လည်း စေတနာရှင်ပြည်သူကလူငယ်လေးတွေအတွက် မေတ္တာ၊စေတနာအပြည့် သေချာချက်ပြုတ်၊ကြော်လှော်နေတဲ့အကြောင်းလေးကို ပီတိဖြစ်မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T