အခက်အခဲတွေကြားထဲက နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ မြန်မာကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်

//s9.kh1.co/98/9852de0408b0377bb2802c18410e52c98e05bfa6.png
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အမေရိကန်နိုင်ငံကိုစစရောက်ချင်းမှာပဲ Miss Universe 2021 ပွဲအတွက်ပြင်ဆင်လာတဲ့ ပြိုင်ပွဲဝင် အဝတ်အစားတွေထည့်ထားတဲ့ Luggage ဟာ လေကြောင်းလိုင်းတာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် ပျောက်ဆုံးသွားရပြီး အခုချိန်ထိပြန်မရနိုင်သေးသလို နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုကိုဖော်ကျူးမယ့် National Costume ဟာလည်း အချိန်မီရောက်မလာခဲ့လို့ အခက်ခဲပေါင်းများစွာနဲ့ စိတ်ဖိစီးနေခဲ့တဲ့ Miss Universe Myanmar သူဇာဝင့်လွင်ကို ပရိသတ်တွေက အားတင်းထားဖို့နဲ့ စိတ်ဓာတ်မကျဖို့ ဝိုင်းဝန်းပြီး စိတ်ခွန်အားပေးနေခဲ့ပါတယ်။ National Costume အချိန်မီမရောက်ခဲ့ရင်လည်း အစားထိုးအနေနဲ့ စီစဉ်ထားတဲ့ဝတ်စုံကို လူကြုံနဲ့ထည့်ပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။

Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc

စစ်မှန်တဲ့အောင်မြင်မှုဟာ အခက်အခဲအတားအဆီးတွေအများကြီးကို ရင်ဆိုင်ပြီးမှ ရနိုင်တာမျိုးပါ။ အခုချိန်မှာကြုံတွေ့ရတဲ့အခက်အခဲတွေဟာ နောင်တစ်ချိန်မှာ Candy အတွက် အတွေ့အကြုံကောင်းတွေ ဖြစ်လာမှာပါ။ ဘယ်လိုအဆင်မပြေမှုတွေရှိနေပါစေ သူမကို အားပေးတဲ့ ပရိသတ်တွေနဲ့ ရေခြားမြေခြားမှာ ကိုယ့်မြန်မာအချင်းချင်း အစစအရာရာ ကူညီပေးသူတွေကြောင့် အဆိုးထဲက အကောင်းပါပဲ။ အမဖြစ်သူမေလည်း ညီမလေး စိတ်ဓာတ်မကျရအောင် အမျိုးမျိုးဖေးမပြီး ပြိုင်ပွဲမှာအကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် အားပေးနေခဲ့ပါတယ်။

Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc

ဒီနေ့မှာလည်း ဒီဇိုင်နာကောင်းမြတ်က Miss Universe ပြိုင်ပွဲမဝင်ခင် Official Photo Shooting အတွက် သူ့ရဲ့နောက်ဆုံး Latest Collection အသစ်ထဲက အလှပဆုံး ခရမ်းရောင်ဝတ်စုံလေးကို ဆင်မြန်းထားတဲ့ သူဇာဝင့်လွင်ရဲ့ ရပ်သပ်ရှုမောဖွယ်ရာ ပုံရိပ်တွေကို " ညီမလေး သူဇာဝင့်လွင် ရဲ့ Road to Miss Universe ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ကာလတွေ တုန်းက official photo shooting အတွက် ကျွန်တော့်ရဲ့ နောက်ဆုံး latest collection အသစ်ထဲမှ ဆင်မြန်းပေးထားပါတယ် ကျွန်တော်တို့ရဲ့ Miss Universe Myanmar လေးကို အင်တိုက်အားတိုက် အားပေးလိုက်ကြရအောင်နော် ??? " ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ စိတ်ဓာတ်မကျဘဲ အကောင်းဆုံး Performance တွေနဲ့ ယှဉ်ပြိုင်နိုင်ပါစေ Candy လေးရေ။

Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc

သတင်း အရင်းအမြစ်Designer Kaung Myat's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T