စစ်ဘေးဒဏ်ကြောင့် နေအိမ်တွေကိုစွန့်ခွာပြီး ရွာသူရွာသားတွေ ဘေးလွတ်ရာကိုပြေးခဲ့ရလို့ လူသူမရှိဘဲ ခြောက်ကပ်သွားတဲ့ ရွာတစ်ရွာရဲ့ဗီဒီယို

//s9.kh1.co/06/067a7d17139df14eb8a7b5d52c928fbcf23e2e31.png
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိဖြစ်ပွားနေတဲ့ တိုင်းပြည်မငြိမ်သက်မှုတွေဟာ နေရာအနှံ့မှာဆူပူလျက်ရှိပြီး နယ်မြို့လေးတွေဟာ ပြည်မကြီးထက်ဆိုးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီနေ့မှာလည်း ပရဟိတသမားတစ်ယောက်ရဲ့ ကူညီမှုခရီးစဉ်မှာ စစ်ဘေးဒဏ်ကိုရှောင်ရင်း ရွာလုံးကျွတ်လူမရှိတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ရွာပျက်ကြီးတစ်ခုဖြစ်နေတဲ့ ရွာတစ်ရွာရဲ့ဗီဒီယိုဟာ လူမှုကွန်ရက်မှာ အတော်လေးပျံ့နှံ့နေခဲ့ပါတယ်။ တစ်ချိန်က စည်ကားခဲ့တဲ့ရွာကြီးဟာ အခုချိန်မှာတော့ စစ်ဘေးဒဏ်ကြောင့် ပြိုပျက်နေတဲ့ အဆောက်အဦးတွေနဲ့ လူသူမရှိတော့ဘဲ ခြောက်ကပ်နေတာဟာ တကယ်ကိုကြေကွဲစရာပါ။

Photo Credit - Sai Lu Khay's FB Acc
Photo Credit - Sai Lu Khay's FB Acc

တိုင်းပြည်အေးချမ်းမယ့်နေ့ရက်တွေကိုရောက်လာဖို့ ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေကြပါတယ်။ အိပ်ကောင်းခြင်း စားကောင်းခြင်းတွေနဲ့ လုပ်ငန်းဆောင်တာတွေ လည်း အရင်လိုပြန်လည်ပတ်နိုင်မှသာ စီးပွားရေး ကျန်းမာရေးတွေ ချောမွေ့မှာပါ။ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူတွေလည်း အသက်သေဆုံး သူတွေ (၈၀၀) ကျော်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေလည်း ထောင်ခဲ့ချီရှိလာခဲ့ပါပြီ။ ခံယူချက် ရပ်တည်ချက်ခိုင်မာသူတွေအတွက်တော့ ဘယ်လိုပဲအခြေအနေတွေပြောင်းလဲသွားပါစေ ရည်ရွယ်တဲ့ ပန်းတိုင်ကိုမရောက်မချင်း ရပ်တန့်ကြမှာမဟုတ်ပါဘူး။

Photo Credit - Sai Lu Khay's FB Acc
Photo Credit - Sai Lu Khay's FB Acc

နေအိမ်ကိုစွန့်ခွာပြေးကြတဲ့ရွာသူရွာသားတွေအတွက်လည်းစိတ်မကောင်းသလို ခြောက်ကပ်ပြီး ကျန်ခဲ့ရတဲ့ရွာကြီးအတွက်လည်း ဝမ်းနည်းမိပါတယ်။ အပျက်အဆီးတွေကြားမှာကျန်ခဲ့တဲ့ ရွာကြီးရဲ့ ဗီဒီယိုကို " စစ်ဘေးသင့် ရွာပျက်ကြီး ဒီရွာက ရွာသူ ရွာသားတွေအကုန် ပြေးလွှားပြောင်းရွေ့ ဖြစ်သလိုနေထိုင်နေကြရပါပြီ ဒီတစ်ရွာထဲ မဟုတ်ပါဘူး (ကိုယ့်ပတ်ဝန်းကျင်မှာ အေးဆေးဖြစ်နေလို့ တစ်နိုင်ငံလုံး အေးချမ်းနေတယ် မထင်လိုက်ပါနဲ့ဗျာ) " ဆိုပြီး ပရဟိတအကျိုးတော်ဆောင်တစ်ယောက်က သူ့ရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ မအေးချမ်းတာတွေအမြန်ဆုံးပြီးဆုံးပြီး အေးချမ်းတဲ့နိုင်ငံတော်ကြီး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

သတင်း အရင်းအမြစ်Sai Lu Khay's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T