ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ မိုးအရမ်းသည်းလာလို့ ယာယီတဲလေးဆောက်ကာ မိုးခိုနေရရှာတဲ့ တလုပ်မြို့က စစ်ဘေးရှောင်ပြည်သူများ

//s9.kh1.co/57/577b4aa17d621aa43c7ba1d2e0df48f35ea785e6.jpg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ မိုးအရမ်းသည်းလာလို့ ယာယီတဲလေးဆောက်ကာ မိုးခိုနေရရှာတဲ့ တလုပ်မြို့က စစ်ဘေးရှောင်ပြည်သူများ

မြန်မာနိုင်ငံရဲ့အခြေအနေကတော့ (၃) လကျော်အတွင်းမှာပဲ ပြောင်းလဲမှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း ဇွဲမလျှော့ဘဲ အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှားနေသလို တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း မြင်းခြံမြို့နယ်ရှိ တလုပ်မြို့ကျေးရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေအနေနဲ့ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ် ။

Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader

ရွာသားတွေက အစွမ်းကုန် ခုခံကာကွယ်ပေးနေတာဖြစ်ပြီး သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးလာခဲ့ရတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း မနေ့က မြင်းခြံမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေအနေနဲ့ ဒုက္ခရောက်ခဲ့ရတာ ဖြစ်ပါတယ် ။ တလုပ်မြို့ကျေးရွာက ပြည်သူတွေခမျာ ယာယီတဲလေး ဆောက်လုပ်ပြီး မိုးခိုခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader

ယာယီတဲလေးထဲမှာ အကုန်စုပြုံပြီး နေနေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကတော့ အခင်းတောင် မရှိတာကြောင့် မြေကြီးပေါ်မှာပဲ ထိုင်နေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် လူငယ်တွေကလည်း တလုပ်မြို့က စစ်ဘေးရှောင်ပြည်သူတွေကို ဝိုင်းဝန်းကူညီပေးကြပါဆိုပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။ မြင်းခြံမြို့ပေါ်မှာဆိုရင်လည်း နေ့လယ်ကတည်းက ဆိုင်တွေပိတ်ထားရတဲ့အပြင် လမ်းပေါ်မှာလည်း လူတွေမရှိကြောင်း ပြည်သူတစ်ဦးက ရေးသားပြောပြထားပါသေးတယ်။

Source & Photo Credit-Origin Uploader

Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader
Photo Credit-Origin Uploader
https://s9.kh1.co/__image/w=650,h=1016,q=100/ac/ac2ab94898e75481fe6329b75c00ce97ce57cc61.jpg
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T