ကိုယ့်နိုင်ငံအတွက် အတူတူကြိုးစားခဲ့ကြပေမယ့်လည်း ချစ်သူက အရင်ထွက်ခွာသွားလို့ ဓာတ်ပုံလေးကိုဖက်ပြီး ငိုကြွေးနေရတဲ့ ကောင်မလေး

//s9.kh1.co/71/71a5f436e149ed2fbe59fe1d6d606dfefc6448d1.jpg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ့်နိုင်ငံအတွက် အတူတူကြိုးစားခဲ့ကြပေမယ့်လည်း ချစ်သူက အရင်ထွက်ခွာသွားလို့ ဓာတ်ပုံလေးကိုဖက်ပြီး ငိုကြွေးနေရတဲ့ ကောင်မလေး

လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ကာလအတွင်းမှာ အသက်တွေ၊ သွေးချွေးတွေ ပေးဆပ်လိုက်ရတဲ့ ပြည်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီပဲ ဖြစ်ပါတယ် ။ တစ်ချို့ဆိုရင် မိသားစုတွေ တကွဲတပြားဖြစ်ပြီး လူမစုံတော့သလို တစ်ချို့တွေလည်း သေကွဲ (သို့မဟုတ်) ရှင်ကွဲကွဲခဲ့ရပြီ ဖြစ်ပါတယ် ။ ဒီသတင်းတွေကိုကြားပြီး ပြည်သူတွေရဲ့ရင်ထဲမှာလည်း တကယ့်ကို ကြေကွဲခံစားခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ချစ်သူရဲ့ဓာတ်ပုံလေးကို ရင်ဝယ်ပိုက်ပြီး ဝမ်းနည်းပက်လက် ငိုကြွေးနေရှာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံက ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဒီပုံတွေကိုတော့ ပြည်သူတစ်ယောက်က "အတူတူစခဲ့ကြပြီး အဆုံးကျ မင်းမပါတော့တာမျိုး??" ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားတာ ဖြစ်ပါတယ် ။ ပုံထဲက ကောင်မလေးကတော့ သူမရဲ့ချစ်သူကောင်လေးနဲ့အတူ လူထုလှုပ်ရှားမှုပွဲတွေမှာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader & Nay
Photo Credit-Original Uploader & Nay
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါပေမဲ့ ကောင်လေးက ဆန္ဒထုတ်ဖော်ရင်းနဲ့ပဲ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာကြောင့် ကောင်မလေးခမျာ အရမ်းခံစားနေရရှာတာပဲ ဖြစ်ပါတယ်။ ချစ်သူရဲ့ဓာတ်ပုံလေးကိုဖက်ပြီး ငိုကြွေးနေတဲ့ ကောင်မလေးကို ဘေးက‌ပြည်သူတွေကလည်း အားပေးနှစ်သိမ့်ရင်းနဲ့ မျက်ရည်ကျခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီပုံလေးတွေကို မြင်ရတဲ့သူတွေကတော့ ကောင်မလေးနဲ့ ထပ်တူထပ်မျှ ခံစားရကြောင်းရေးသားပြီး အားတင်းထားဖို့ ပြောခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader & Nay
Photo Credit-Original Uploader & Nay
Photo Credit-Original Uploader & Nay
Photo Credit-Original Uploader & Nay
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T