စမ်းချောင်းမှာ လုံခြုံရေးတင်းကြပ်စွာ အထပ်ထပ်ချထားသည့်ကြားက စာရွက်များကြဲကာ ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/80/805cfda10e9a0a39048d9f2f26300d48007c12e1.jpeg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပမှာ နေထိုင်ကြတဲ့ GenXYZ လေးတွေကတော့ နွေဦးတော်လှန်ရေးကြီးရဲ့ ဒီလှုပ်ရှားမှုမှာ အဓိကကျတဲ့ သူရဲကောင်းလေးတွေ ဆိုလည်းမမှားပါဘူး။ ဖေဖော်ဝါရီ (၁) ရက်နေ့ထဲက အားကြိုးမာန်တတ်နဲ့ မိမိတို့ အသက်ဆုံးရှုံးမှာကို မမုဘဲ အရာရာပေးဆပ်ကာ ပါဝင်နေကြတာလည်းဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားပါဝင်ကြရင်း အသက်ဆုံးရှုံးရသူတွေလည်း များစွာရှိခဲ့သလို ဖမ်းဆီးခံရတာတွေလည်း ဒီနေ့အထိ ရှိနေဆဲပါ။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာဆိုရင်လည်း တစ်ရက်ထက်တစ်ရက် အင်အားပိုကောင်းလာတဲ့ သပိတ်စစ်ကြောင်းတွေကို တွေ့မြင်ရပါတယ်။ဖိနှပ်ဖြိုခွင်းခံရတာတွေ ရှိနေပေမယ့်လည်း နေ့ရက်တိုင်း လူငယ်တွေကတော့ ဆန္ဒထုတ်ဖော်မှုတွေကို ပုံသဏ္ဌာန် မျိုးစုံနဲ့ ပြုလုပ်နေကြဆဲပါ ။ ယနေ့ မေလ (၁၃) ရက်နေ့မှာဆိုရင်လည်း စမ်းချောင်းမြို့နယ်မှာ လုံခြုံရေးတင်းကြပ်စွာ အထပ်ထပ် ချထားသည့်ကြားက ပြည်သူတစ်ဦးက စာရွက်များကို လမ်းမထက်မှာ ဖြန့်ကြဲကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader

ဒီလိုဖြန့်ကြဲခဲ့တဲ့ စာရွက်များကို ဖတ်ချင်လို့ အကူအညီတောင်းနေတဲ့ ကားပေါ်က ပြည်သူများကိုလည်း လမ်းသွားလမ်းလာ လူငယ်လေးများက သတ္တိရှိစွာ ကောက်ယူ ဝေမျှပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဖြတ်သန်းသွားတဲ့ ကားများမှလည်း ကားဟွန်းသံများကို မြိုင်ဆိုင်စွာ တီးခဲ့ကြတယ်လို့ သိရပါသည်။ ပြည်သူတွေရဲ့ သတ္တိရှိမှုတွေကတော့ တကယ်ကို လေးစားစရာ ကောင်းလွန်းပါတယ်နော်။ပရိသတ်ကြီးအတွက် အခက်အခဲတွေကြားက  စာရွက်တွေကြဲကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့  ပြည်သူတစ်ဦးရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို ပြန်လည်​ ဝေမျှပေးလိုက်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T