အိမ်မက်ထဲတွင် မြင်တွေ့ခဲ့ရတဲ့ အမေစုရဲ့ ပုံပန်းသဏ္ဍန်လေးကို ပရိသတ်တွေအား ပြန်လည်ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/e1/e13f3e417cad8c47a37a67e70322185bbf526bd4.jpeg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကတွင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူကတော့ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ပဲ  ဖြစ်ပါတယ်။ သူမကတော့ အနုပညာလှုပ်ရှားမှုများသာမကဘဲ အခြားစီးပွားရေးလုပ်ငန်းများကိုပါ အောင်မြင်အောင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ သူမကို ပရိသတ်တွေက အရင်ကထက် ပိုပြီး ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ လူထောင်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ နှိုင်းယှဉ်ကလည်း နိုင်ငံတော် အတိုင်ပင်ခံအမတ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် တောင်းဆိုပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမ အမြဲမက်လေ့ရှိတဲ့ အိမ်မက်တွေကို ပရိသတ်တွေအား ပြန်လည်ဝေမျှပေးနေသူ ဖြစ်ပါတယ်။ 

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း နှိုင်းယှဉ်ရဲ့Facebook အကောင့်တွင် အမေစုနဲ့ပတ်သက်ပြီး အိမ်မက်ထဲတွင် မက်ခဲ့တဲ့အကြောင်းအား ပရိသတ်တွေကို ပြန်လည်ဝေမျှပေးလာတာ ဖြစ်ပါတယ်။" အမေ အိပ်မက်ထဲမှာသမီးကို ဖက်ထားပြီး နမ်းရှုံ့နေတာ လူအများကြီးရှေ့မှာ ရှက်တောင်ရှက်တယ်...အမေနမ်းရှုံ့တာကိုမဟုတ်ဘူး လူတွေကြည့်နေတာကို  ရှက်တာ...အဝါရောင်ရှန်သား အပွင့်ရိုက်လေးရယ်ပါတိတ်ထမီလေးရယ် တော်တော်လှနေတယ်။ တက်ကြွဖျတ်လတ်နေတာပဲ....အမေကျန်းမာပါစေ?" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ နှိုင်းယှဉ်မက်တဲ့ အိမ်မက်တွေဟာ အမြဲလိုလို မှန်လေ့ရှိတာ ဖြစ်ပါတယ်။ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံအမတ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအားလုံး  အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nhying Shin’s Facebook Account 

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T