စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်နဲ့ တောတောင်ထဲမှာ နေဒဏ်၊လေဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လေ့ကျင့်ရေးဆင်းနေကြတဲ့ လူငယ်များ

//s9.kh1.co/39/39ccc1563bd2054e84004ae87008679526f9951d.jpeg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်နဲ့ တောတောင်ထဲမှာ နေဒဏ်၊လေဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လေ့ကျင့်ရေးဆင်းနေကြတဲ့ လူငယ်များ

အရမ်းလေးစားစရာကောင်းတဲ့လူငယ်တွေကတော့ ဒီလိုအခြေအနေမှာ မိမိတို့ရဲ့ဘဝကိုစွန့်လွှတ်ပြီး နောင်မျိုးဆက်သစ်လေးတွေရဲ့ အနာဂတ်အတွက် အားကြိုးမာန်တက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း လူငယ်အများအပြားက တောတောင်ထဲမှာ ဒုက္ခဆင်းရဲမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လေ့ကျင့်ရေးဆင်းနေကြတာဖြစ်ပါတယ်။ပြည်သူတွေကလည်း လူငယ်တွေရဲ့ စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်ကို ချီးကျူးကြပြီးတတ်နိုင်သလောက်ပံ့ပိုးကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့လူငယ်လေးတွေဆိုရင် မိဘတွေရဲ့ရင်ခွင်ထဲမှာ ရွှေပေါ်မြတင်နေထိုင်ရပေမယ့် တောတောင်ထဲမှာတော့ကြုံတွေ့လာရတဲ့ ကြမ်းတမ်းမှုတွေကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဖြတ်ကျော်နေကြတာဖြစ်ပါတယ်။နေမွန်းတည့်မှအိပ်ရာထတဲ့သူတွေလည်း မနက်(၅)နာရီထိုးထာနဲ့ အပြေးအလွှားလေ့ကျင့်နေကြပြီး ပါးစပ်ကလည်း “ဘာလိုချင်လဲ ဒီမိုကရေစီ””ဘယ်သူ့အတွက်လည်း ပြည်သူ့အတွက်ပဲ”ဆိုပြီး ကျယ်လောင်စွာဟစ်ကြွေးကာ အားသွန်ခွန်စိုက်ပြေးနေကြတာဖြစ်ပါတယ်။                                          

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်လေးတွေကတော့ အမိုးအကာမရှိတဲ့ နေပူပူကွင်းပြင်လယ်မှာလည်း မောင်းတင်ပြီး ဒိုက်ထိုးလေ့ကျင့်နေကြတာဖြစ်ပါတယ်။အစားအသောက်လည်း ချေးမများကြဘဲ ရှိတာလေးတွေကိုသာ အားအင်ပြည့်ဝအောင်စားသောက်နေထိုင်နေကြတာဖြစ်ပါတယ်။ဒါ့အပြင် ကျောခင်းရုံအိပ်ရာလေးမှာ ခြင်ကိုက်လို့မသေဘူး မနက်အတွက်အားပြည့်မှဖြစ်မယ် အိပ်ပျော်အောင်အိပ်မယ်ဆိုပြီး ခက်ခဲပင်ပန်းစွာရှင်သန်နေရတာဖြစ်ပါတယ်။အခုလိုမျိုး အရာရာကိုစွန့်လွှတ်ပြီး အနစ်နာခံရဲတဲ့ လူငယ်လေးတွေရဲ့အကြောင်းကို လေးစားစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T