ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းရန် ထပ်မံ ပါဝင်အားဖြည့်ပေးကြဖို့ နှိုးဆော်လာတဲ့ မီးနို

//s9.kh1.co/59/59e4c9d0b16f0e068358a309e54ae4da6dced308.jpg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမှာဆိုရင် မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စီးပွားရေး ကြပ်တည်းနေကြတာ ဖြစ်ပြီး လူတိုင်းနီးပါး ခက်ခဲနေတာ ပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း အချင်းချင်း ကူညီစောင့်ရှောက်ပေးသလို အလှူရှင်တွေကလည်း နိုင်သလောက် ပါဝင်လှူတန်းနေကြတာ ဖြစ်ပါတယ်။တချို့ပြည်နယ်တွေမှာဆိုရင် စစ်ဘေးရှောင်ပြည်သူတွေကလည်း တောထဲပြေးပုန်းနေရတာကြောင့် စားဝတ်နေရေး အဆင်မပြေဖြစ်နေတာ ပဲဖြစ်ပါတယ်။

Photo Credit-Mee No FB Page
Photo Credit-Mee No FB Page
Photo Credit-Mee No FB Page
Photo Credit-Mee No FB Page

ဒါ့ကြောင့်လည်း တေးသံရှင် အဆိုတော် မီးနိုက အမှန်တကယ်လိုအပ်နေတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူတွေ အတွက် အလှူငွေကို ကောက်ခံထားတာ ၁၅သိန်းရရှိထားခဲ့တာ ဖြစ်ပြီး ဒီနေ့မှာဆိုရင်လည်း နောက်လမိုးတွင်းရောက်တော့မှာမို့ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အခြေခံစားသောက်ကုန်တွေကို ချိတ်ဆက်ပြီး လှူပေးဖို့ကို အလှူရှင်တွေထပ်မံပြီး ပါဝင်အားဖြည့်နိုင်ရန် အကူညီတောင်းထားတာ ပဲဖြစ်ပါတယ်။

Photo Credit-Mee No FB Page
Photo Credit-Mee No FB Page
Photo Credit-Mee No FB Page
Photo Credit-Mee No FB Page

သူမရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင် "မီးနိုထပ်ပြီး ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ထပ်အလှူခံရပါစေရှင့်..အရင်တစ်ခေါက်က အလှူခံထားတာ ၁၅သိန်းရခဲ့ပါတယ်..နောက်လဆို မိုးတွင်းလည်းရောက်တော့မှာဆိုတော့ တွေးကြည့်တာနဲ့တင်တောထဲမှာပြေးနေရတဲ့ ပြည်သူတွေတော်တော် ဒုက္ခရောက်ကြမှာပါ..စစ်ဘေးရှောင်နေရတဲ့ သူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ အခြေခံစားသောက်ကုန်တွေ ချိတ်ဆက်ပြီး လှူပေးဖို့တွေ မီးနိုစီစဉ်နေပါတယ်..အလှူရှင်တွေလည်း ဒီတစ်ခါထပ်ပြီး ပါဝင်အားဖြည့်ပေးဖို့ အကူအညီတောင်းပါတယ်နော်..ပါဝင် လှူဒါန်းလိုသူများအနေနဲ့ K Pay-နံပါတ် 095090994 (Poe Eain Phyu) နဲ့ Aya bank- 0114201010016977(Ko Zaw Thu Aung)တို့ကို ပေးပို့လှူဒါန်းလို့ရပါတယ်​ရှင်...ငွေလွှဲထားတဲ့ Screenshot ​လေး​တွေလည်း မီးနိုရဲ့ Messenger ကို ပို့​ပေးထားဖို့ မ​မေ့ပါနဲ့​နော်..အရေးတော်ပုံအောင်ရမည်..?✊"ဆိုပြီး တတ်နိုင်သလောက် ကူညီပေးနိုင်ကြဖို့အတွက် တိုက်တွန်း နှိုးဆော်လာတာ ဖြစ်ပါတယ်။ပြည်သူတွေကလည်း ပါဝင်လှူဒါန်းနေကြတာကို တွေ့ရပါတယ်။

Photo Credit-Mee No FB Page
Photo Credit-Mee No FB Page
Photo Credit-Mee No FB Page
Photo Credit-Mee No FB Page

သတင်း အရင်းအမြစ်Mee No Fb page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T