မနေ့ကဖြစ်ပွားခဲ့တဲ့ တလုပ်ရွာတိုက်ပွဲမှာ သူတို့မြို့ရွာလေးကို ကာကွယ်ဖို့အတွက် ရဲရဲဝင့်ဝင့် ခုခံပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/d4/d4bd4282594315ceda719caac962ed7ca161a5f9.jpg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မနေ့ကဖြစ်ပွားခဲ့တဲ့ တလုပ်ရွာတိုက်ပွဲမှာ သူတို့မြို့ရွာလေးကို ကာကွယ်ဖို့အတွက် ရဲရဲဝင့်ဝင့် ခုခံပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ တလုပ်မြို့ကျေးရွာမှာတော့ ပြီးခဲ့တဲ့ မေလ (၁၁) ရက်နေ့စတင်ပြီး တိုက်ပွဲတွေဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myingyan-People's Defence Force) ကလည်း တလုပ်မြို့ကျေးရွာကို ကာကွယ်စောင့်ရှောက်ပြီး အစွမ်းကုန်ခုခံနေကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ် ။ ပြင်းထန်တဲ့အခြေအနေတွေကြောင့် ရွာသူရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

တစ်ခြားမြို့နယ်က ပြည်သူတွေကလည်း တလုပ်မြို့ကျေးရွာရဲ့သတင်းကို မလွတ်တမ်းစောင့်ကြည့်နေကြတာဖြစ်ပြီး အဲ့ဒီမှာရှိတဲ့ Civilian Journalists တွေကလည်း အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့နေတာ ဖြစ်ပါတယ် ။ တလုပ်မြို့ကျေးရွာရှိ ပြည်သူတွေအနေနဲ့ သူတို့နေထိုင်ရာမြို့ရွာလေးကို ကာကွယ်ဖို့အတွက် ရဲရဲဝင့်ဝင့် အရှေ့ထွက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေက အင်အားသုံးဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့နေရပေမယ့်လည်း အားမလျှော့လဲ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မနေ့ကဆိုရင်လည်း တလုပ်မြို့ကျေးရွာမှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ ရွာသူရွာသားတွေက သူတို့ရဲ့ခံတပ်ကို အစွမ်းကုန်ကာကွယ်ပြီး ခုခံနေကြတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယနေ့ မေလ (၁၂)ရက်နေ့၊ နေ့လည် (၁၁)နာရီ (၃၀)မိနစ်မှာတော့ တလုပ်ရွာကို အရပ်လေးမျက်နှာကနေ ဝိုင်းတာခံခဲ့ရပြီး အင်အားမမျှတတာကြောင့် ပြည်သူတွေအနေနဲ့ ခံတပ်ကနေဆုတ်ခွာခဲ့ရကြောင်း "မြင်းခြံ News" မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-"မြင်းခြံ News" FB Page
Photo Credit-"မြင်းခြံ News" FB Page
https://s9.kh1.co/__image/w=650,h=399,q=100/22/2281429cd53c6faa24a1c8aed3a5b79cc0962fad.jpeg

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို ပုံထဲကအတိုင်း Select လုပ်ပါ။ ပြီးလျှင် ‌ပေါ်လာသည့် Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ )

https://www.facebook.com/106559704436097/posts/289931149432284/?app=fbl

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T