YBS ကားခဖိုးတောင်မရှိဘဲ မိမိခြေထောက်ကိုသာအားကိုးပြီး လွတ်အောင်ပြေးနေရတဲ့လူငယ်တွေကို ကားနဲ့ခေါ်တင်သွားဖို့မေတ္တာရပ်ခံလာတဲ့ ပြည်သူတချို့

//s9.kh1.co/15/15e83f0f0df1016c73918b4ab5be1366120b8f9c.jpeg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

YBS ကားခဖိုးတောင်မရှိဘဲ မိမိခြေထောက်ကိုသာအားကိုးပြီး လွတ်အောင်ပြေးနေရတဲ့လူငယ်တွေကို ကားနဲ့ခေါ်တင်သွားဖို့မေတ္တာရပ်ခံလာတဲ့ ပြည်သူတချို့

လူထုလှုပ်ရှားမှုတွေမှာဆိုရင် ရှေ့ဆုံးကနေပါဝင်နေကြတဲ့ လူငယ်တွေထဲမှာ ပြည့်စုံတဲ့သူတွေလည်းပါဝင်သလိုချို့တဲ့သူတွေလည်းရှိပါတယ်။တချို့လူငယ်လေးတွေဆိုရင် မိသားစုရဲ့စားဝတ်နေရေးအတွက် ရုန်းကန်နေရပေမယ့် လူထုလှုပ်ရှားမှုတွေမှာတော့ နေ့တိုင်းလိုလို ပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။လူငယ်တွေရဲ့ ရဲစွမ်းသတ္တိနဲ့အရာရာကိုစွန့်လွှတ်စွန့်စားရဲတဲ့ စိတ်ဓာတ်တွေကိုလည်း ပြည်သူလူထုက အရမ်းလေးစားပြီးချီးကျူးနေကြတာဖြစ်ပါတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လတ်တလောမှာဆိုရင်လည်း လူထုလှုပ်ရှားမှုတွေမှာ လူငယ်တွေရဲ့ အားမာန်အပြည့်နဲ့ချီတက်နေကြတဲ့ ပုံရိပ်တွေကိုလူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့မြင်နေရတာဖြစ်ပါတယ်။တချို့လူငယ်လေးတွေဆိုရင် သပိတ်တည်ရှိရာမှာပူပေါင်းဖို့အတွက် အဝေးကြီးကနေလာရပြီး YBS အသွားအပြန်ကားခဖိုးတောင်မရှိကြတာဖြစ်ပါတယ်။သပိတ်လူစုခွဲတဲ့အခါလည်း လူငယ်လေးတွေက နေပူပူ၊မိုးရွာရွာ ဂရုမစိုက်အားဘဲ မိမိခြေထောက်ကိုသာအားကိုးပြီး လွတ်အောင်ပြေးကြရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Taxiမောင်းတဲ့သူတွေနဲ့ ကားပိုင်ရှင်ပြည်သူတွေက   ပြေးလွှားနေရတဲ့လူငယ်လေးတွေကိုတွေ့တဲ့အခါ မိမိကားပေါ်ခေါ်တင်ပြီး ကူညီပေးကြတာဖြစ်ပါတယ်။လူငယ်တွေကတော့ သူတို့ရဲ့အကျိုးအတွက် ဆောင်ရွက်နေကြတာမဟုတ်ဘဲ ပြည်သူတွေအကုန်လုံး လက်ရှိအခြေအနေကလွတ်မြောက်ဖို့အတွက် အနာခံပြီးကြိုးစားနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း အိမ်ပြန်ဖို့ခက်ခဲနေတဲ့ လူငယ်လေးတွေကိုတွေ့တဲ့အခါ တတ်နိုင်သလောက်ကူညီကြပါဦးလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။. 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T