ချို့တဲ့လွန်းတဲ့ဘဝတွေမှာ အသက်အရွယ်ကြီးရင့်နေတဲ့အပြင် ကျန်းမာရေးလည်း ချူချာလွန်းလို့ အလှူရှင်လိုအပ်နေကြတဲ့ သက်ကြီးအဖိုးအဖွားတွေ

//s9.kh1.co/fc/fc3baa1b63f11e9a87b6083572f31aa632d46b4e.png
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

အသက်အရွယ်ကြီးရင့်လာတဲ့အဖိုးအဖွားတွေဟာ ကလေးငယ်တစ်ယောက်လိုပြန်ဖြစ်သွားပြီး အနားမှာစောင့်ရှောက်ပေးမယ့်အဖော်လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ပရဟိတလုပ်သူတစ်ဦးက စောင့်ရှောက်ဖို့လိုအပ်နေတဲ့ အဖိုးအဖွားတွေအတွက် အစားအသောက်တွေ သွားရောက်လှူဒါန်း ပေးခဲ့စဉ်ကပုံလေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ အကူညီလိုအပ်နေတဲ့ အဖိုးအဖွားတွေရဲ့ ခက်ခဲလွန်းတဲ့ ဘဝရပ်တည်ဖြတ်သန်းမှုတွေဟာ အသက်ကြီးသူအတွက် မဆိုထားနဲ့ လူလတ်ပိုင်းတွေ တောင် ရင်ဆိုင်ဖို့ အဆင်မပြေနိုင်လောက်ပါဘူး။ အသက် (၇၁) နှစ်အရွယ်မှာ မြေးလေးနဲ့နှစ်ယောက်တည်း နေပြီး စားဝတ်နေရေးအတွက် တစ်အိမ် (၅၀၀) နှုန်းနဲ့ အဝတ်လျှော်နေရတဲ့ ဒေါ် (၅၀၀) ဆိုတဲ့ အဖွားအပြင် အသက် (၈၀) ကျော်အရွယ်ဆရာလေးနဲ့ သီလရှင်နှစ်ပါးဟာလည်း ကူညီပေးမယ့်အလှူရှင် လိုအပ်နေပါ တယ်။

Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc

နောက်ထပ်အဖိုးအဖွားတွေအကြောင်းဟာလည်း ရင်နင့်စရာပါ။ အသက် (၈၀) ကျော်ရှိနေပြီး မျက်စိမမြင်တော့တဲ့အဖွားနဲ့ ညီအကိုနှစ်ယောက်ရှိရာမှ အကိုအကြီးအဖိုးကလေဖြတ်ပြီး အိပ်ယာထဲလဲနေလို့ ညီဖြစ်သူအဖိုးကရေထမ်းပြီး နှစ်ယောက်လုံးရဲ့ဝမ်းရေးအတွက် ဖြေရှင်းနေရပါတယ်။ အသက် (၇၀) ကျော်အရွယ်မှာ လေဖြတ်ထားပေမယ့် တစ်ယောက်တည်း ရပ်တည်နေရတဲ့အဖိုးရဲ့ ပုံရိပ်ဟာလည်း တကယ်ကိုကြေကွဲစရာပါ။ အိမ်အိုအိမ်ဟောင်းလေးမှာ ဖြစ်သလိုရပ်တည်နေရတဲ့ အဖိုးအဖွားနှစ်ယောက်အပြင် မြေးလေးနဲ့ နှစ်ယောက်တည်းနေပြီး ဘဝကိုရုန်းကန်နေရတဲ့ အဖွားတို့ရဲ့ ပုံရိပ်တွေဟာ စိတ်မကောင်းဖြစ်ရလွန်းပါတယ်။

Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc

အသက် (၈၀) ကျော်အဖိုးဟာလည်း တစ်ကိုယ်တည်းသမားအဖြစ်နဲ့ ရပ်တည်နေရပါတယ်။ အဖွားတစ်ယောက်ဆိုရင် အိမ်သာဘေးကအိမ်လေးမှာနေရပြီး မျက်စိလည်းမမြင်ရတော့ပါဘူး။ နောက်ထပ်လည်း နားမကြားတဲ့အဖွားနဲ့ တစ်ယောက်တည်းရပ်တည်နေရတဲ့ အဖွားတို့လည်း ရှိနေခဲ့ပါသေးတယ်။ ဒီလိုသက်ကြီးအဘိုးအဘွားတွေကို လိုအပ်တဲ့ စောင့်ရှောက်မှုတွေပေးပြီး နွေးထွေးကြင်နာပေးဖို့လိုအပ်ပါတယ်။ အဖိုးအဖွားတို့လည်း ခက်ခဲတဲ့ဘဝတွေကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ အဖိုးအဖွားတွေကို ကူညီချင်သူတွေအတွက် ကိုပူတူးနဲ့ချိတ်ဆက်ပြီး K Pay - 09795405717 Wave - 095408437 / 09795405717 CB - 0076 6005 0001 0995 စတဲ့ Account တွေဆီ ငွေလွှဲပြီးကူညီပေးလို့ရပါတယ်။

Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc
Photo Credit -ArrPuu Tuu's FB Acc

သတင်း အရင်းအမြစ်ArrPuu Tuu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T