ထားဝယ်မှာ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူငယ်တွေ ဖမ်းဆီးခံရ

//s9.kh1.co/99/998f76341aa7930e72c3db9fbe9949dd0f8bc7b0.jpg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မေလ ၁၁ ရက်နေ့ တော်လှန်ရေး ရက် ၁၀၀ ပြည်တဲ့နေ့မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေဟာ အမျိုးမျိုးသောပုံစံတွေနဲ့ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ် သပိတ်မှောက်နေတာကို တွေ့ရပါတယ်။

သို့ပေမယ့် ဒီကနေ့မနက် ရှစ်နာရီခွဲ ဝန်းကျင်လောက်မှာ ထားဝယ်က တပ်ပေါင်းစု သပိတ်စစ်ကြောင်းကတော့ ဖြိုခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader

ဒီသပိတ်စစ်ကြောင်းဟာ ထားဝယ်မြို့ ၊ ဘုမ္မော်ရပ်ကွက်မှာ လူစုနေစဥ်အတွင်းမှာပဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖြိုခွင်းခံခဲ့ရတာ ဖြစ်တယ်လို့ ပျံ့နှံ့လာတဲ့ သတင်းတွေအရ သိရပါတယ်။

ဖြိုခွင်းရာမှာလည်း အရပ်ဝတ် လက်နက်ကိုင်တွေပါ ပါဝင်တယ်လို့ သိရလို့ အိမ်တွေထဲထိပါ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ပြည်သူတစ်ယောက်တင်ထားတဲ့ post အရ သေနတ် ဒင်နဲ့ပါ ထုရိုက်ပီး ဖမ်းဆီးတာတွေ ရှိတယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီဖြိုခွင်းခံရမှုကြောင့် မိန်းကလေးတစ်ဦး ရာဘာကျည်ထိမှန်ခဲ့ပြီး ဆယ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသလို အဖမ်းခံရသူ အများစုဟာ တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဖမ်းဆီးခံရတဲ့ထဲမှာ ပါဝင်တဲ့ လူငယ်တွေအတွက် အွန်လိုင်းပေါ်မှာ speak out လုပ်ပေးနေကြတာ တွေ့ရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T