ဇာတိရွာကိုလွမ်းပေမယ့်လည်း မပြန်နိုင်တော့တဲ့ ရင်တွင်းခံစားချက်တွေကို ပြောပြနေတဲ့ စစ်ဘေးရှောင်ကလေးငယ်တစ်ယောက်ရဲ့ဗီဒီယို

//s9.kh1.co/7f/7fabefeb2beacf942e9e07de0024c2833c9c85b7.jpg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဇာတိရွာကိုလွမ်းပေမယ့်လည်း မပြန်နိုင်တော့တဲ့ ရင်တွင်းခံစားချက်တွေကို ပြောပြနေတဲ့ စစ်ဘေးရှောင်ကလေးငယ်တစ်ယောက်ရဲ့ဗီဒီယို

လက်ရှိအချိန်မှာတော့ နယ်မြို့လေးတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ဘေးဒဏ်ကို ပိုမိုခံစားနေရတာ ဖြစ်ပါတယ် ။ နေ့ညမရွေး ဖြစ်ပွားနေတဲ့စစ်ဘေးအန္တရာယ်ကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေလည်း အမြောက်အမြားရှိနေပြီ ဖြစ်ပါတယ် ။ အဲ့ဒီပြည်သူတွေခမျာ သူတို့ရဲ့နေထိုင်ရာ အရပ်ဒေသတွေကို စွန့်ခွာခဲ့ရပြီး တောထဲထောင်ထဲမှာ ကြိုးစားရှင်သန်နေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

စစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေပါသလို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ငယ်ရွယ်သေးတဲ့ ကလေးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အခုလည်း လူတစ်ယောက်က စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို မေးမြန်းထားတဲ့ ဗီဒီယိုကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီဗီဒီယိုထဲမှာတော့ ကလေးလေးက သူ့ရဲ့ရင်တွင်းခံစားချက်တွေကို ဖွင့်ဟပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကလေးလေးက သူ့ရဲ့ဇာတိရွာကို လွမ်းကြောင်း၊ ပြန်ချင်ပေမယ့်လည်း မမှတ်မိတော့ကြောင်း၊ ကျောင်းတက်ချင်ကြောင်း စသည်ဖြင့် သူဖြေတတ်သလိုလေး ပြောပြထားတာ ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ ကလေးလေးက "အရေးတော်ပုံအောင်ရမည်" ဆိုပြီး လက်သုံးချောင်ထောင်ကာ သူ့ရဲ့ဆန္ဒကို ပြသခဲ့တာ ဖြစ်ပါတယ် ။ အရွယ်နဲ့မလိုက်အောင် ဒုက္ခတွေခံစားနေရတဲ့ ကလေးငယ်လေးရဲ့ပြောစကားတွေကတော့ ပြည်သူတွေရဲ့ရင်ကိုထိမှန်ခဲ့ပြီး စိတ်မကောင်းဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
https://s9.kh1.co/__image/w=650,h=399,q=100/22/2281429cd53c6faa24a1c8aed3a5b79cc0962fad.jpeg

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို ပုံထဲကအတိုင်း Select လုပ်ပါ။ ပြီးလျှင် ‌ပေါ်လာသည့် Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ )

https://www.facebook.com/106559704436097/posts/289338562824876/?app=fbl

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T