လက်တစ်ဖက်ဖြတ်ခဲ့ရပြီး တစ်ကိုယ်လုံးဒဏ်ရာတွေရထားတဲ့ သားလေးကို အားပေးနှစ်သိမ့်ရင်းနဲ့ ဖွင့်ဟလာတဲ့ ဖခင်ဖြစ်သူရဲ့ရင်တွင်းခံစားချက်များ

//s9.kh1.co/c4/c40caae7891b2f727e18b1ac9996d49cbd8eb12c.jpg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လက်တစ်ဖက်ဖြတ်ခဲ့ရပြီး တစ်ကိုယ်လုံးဒဏ်ရာတွေရထားတဲ့ သားလေးကို အားပေးနှစ်သိမ့်ရင်းနဲ့ ဖွင့်ဟလာတဲ့ ဖခင်ဖြစ်သူရဲ့ရင်တွင်းခံစားချက်များ

ဒီကာလအတွင်းမှာ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေ ရာနဲ့ချီရှိနေပြီဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ထောင်ချီရှိနေတာလည်း ဖြစ်ပါတယ် ။ တစ်ချို့ကတော့ အသက်မသေပေမယ့်လည်း ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရတာကြောင့် ရှေ့ဆက်လျှောက်လှမ်းမယ့်ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ် ။ လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ မောင်လျှံဖြိုးအောင်ရဲ့အကြောင်းကလည်း တကယ့်ကို စိတ်မကောင်းဖြစ်စရာကောင်းလှပါတယ်။

Photo Credit-U Hein Htet's FB Acc
Photo Credit-U Hein Htet's FB Acc
Photo Credit-U Hein Htet's FB Acc
Photo Credit-U Hein Htet's FB Acc

မောင်လျှံဖြိုးအောင်ကတော့ မကွေးနည်းပညာတက္ကသိုလ်မှာ မြို့ပြအင်ဂျီနီယာဘာသာရပ်ကို သင်ကြားနေတဲ့ ကျောင်းသားလူငယ်တစ်ဦး ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့မတ်လ (၂၇) ရက်နေ့က မကွေးမြို့သပိတ်ကြောင်းဖြိုခွင်းခံရချိန်မှာ မောင်လျှံဖြိုးအောင်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တဲ့ မောင်လျှံဖြိုးအောင်က ညာဘက်လက်တစ်ဖက် ဖြတ်ပစ်ခဲ့ရသလို ဘယ်လက်တစ်ဖက်နဲ့ ခြေထောက်မှာလည်း ဒဏ်ရာတွေရခဲ့တာကြောင့် မလှုပ်ရှားနိုင်ဖြစ်နေရှာတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ညာဘက်မျက်လုံးတစ်ဖက်ပါ ထိခိုက်ထားတာကြောင့် ကွယ်လုမတက်ဖြစ်နေပြီး ခွဲစိတ်ကုသဖို့ အမြန်ဆုံးလိုအပ်နေတာ ဖြစ်ပါတယ် ။

Photo Credit-U Hein Htet's FB Acc
Photo Credit-U Hein Htet's FB Acc
Photo Credit-Original Uploader
Photo Credit-Original Uploader

မောင်လျှံဖြိုးအောင်ရဲ့ဖခင်ဖြစ်သူကလည်း သားလေးရဲ့အဖြစ်ကိုကြည့်ပြီး ယူကျုံးမရဖြစ်ကာ ဝမ်းနည်းကြေကွဲနေသလို အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း မောင်လျှံဖြိုးအောင်ရဲ့ဖခင်က သားဖြစ်သူရဲ့ပုံလေးတွေတင်ပြီး ရင်နဲ့မဆန့်အောင်ချစ်ရတဲ့အကြောင်းနဲ့ သားလေးသွားချင် ရောက်ချင်နေတဲ့ ခရီးပန်းတိုင်ကို အရောက်ပို့ပေးမယ့်အကြောင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ပြည်သူတွေကတော့ မောင်လျှံဖြိုးအောင်ရဲ့မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-U Hein Htet's FB Acc

Photo Credit-U Hein Htet's FB Acc
Photo Credit-U Hein Htet's FB Acc
Photo Credit-U Hein Htet's FB Acc
Photo Credit-U Hein Htet's FB Acc
Photo Credit-U Hein Htet's FB Acc
Photo Credit-U Hein Htet's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T