မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် တိုကျိုမြို့ရဲ့ လူစည်ကားရာနေရာမှာ အလှူခံနေကြတဲ့ ဂျပန်ရောက်လူငယ်လေးများ

//s9.kh1.co/1d/1de15c4fdd00b94870ad2bb7e3813679356ee46b.jpeg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် တိုကျိုမြို့ရဲ့ လူစည်ကားရာနေရာမှာ အလှူခံနေကြတဲ့ ဂျပန်ရောက်လူငယ်လေးများ

ပြည်ပနိုင်ငံတွေကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကတော့ မိမိတို့အမိမြေအတွက်လည်း ရှိသမျှခွန်အားတွေနဲ့ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။ပြည်တွင်း၊ပြည်ပမှာ နေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မြန်မာပြည်တွင်းမှာဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေတွေကို တချို့နိုင်ငံတွေကပါသတိထားမိလာခဲ့ကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပြည်ပနိုင်ငံတချို့က မြန်မာပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ပေးနေကြတာဖြစ်ပါတယ်။  

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ဂျပန်နိုင်ငံကိုခေတ္တရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကတော့ မြန်မာ့အရေးအတွက် တစ်ထောင့်တစ်နေရာကနေပါဝင်နေတာဖြစ်ပါတယ်။မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် လူငယ်လေးတွေက တိုကျိုမြို့ရဲ့ လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ Nakano Station (North Exit)တွင် အလှူခံနေကြတာဖြစ်ပါတယ်။အလှူငွေကောက်ခံချိန်ကတော့ နေ့လည်(၁)နာရီမှ (၄)နာရီအထိဖြစ်ပြီး လမ်းပေါ်မှာ အလှူခံပုံးလေးတွေနဲ့ဆိုင်းဘုတ်လေးတွေကိုင်ကာ (၃)နာရီတိတိ မတ်တပ်ရပ်အလှူခံနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လမ်းသွားလမ်းလာဂျပန်ပြည်သူတွေကလည်း မြန်မာတွေကြုံတွေ့နေရတဲ့အခြေအနေကို ကိုယ်ချင်းစာနာလို့ အလှူငွေတွေထည့်ဝင်လှူဒါန်းပြီး ကူညီဖေးမပေးခဲ့ကြတာဖြစ်ပါတယ်။ဂျပန်ပြည်သူများရဲ့ စေတနာကြောင့် ကောက်ခံရရှိလာတဲ့အလှူငွေမှာ ( ¥310,935 )ပဲဖြစ်ပါတယ်။ဂျပန်ရောက်လူငယ်လေးတွေကလည်း ရရှိလာတဲ့အလှူငွေတွေကိုမြန်မာ့အရေးအတွက် လိုအပ်သလိုအသုံးပြုလှူဒါန်းသွားမယ့်အကြောင်းလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာမျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T