ဒီနေ့တွင် ပြုလုပ်မယ့် " ကြယ် " ကမ်ပိန်းလေးကို အားလုံးပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်တဲ့ ဘုန်းဆက်သွင်

//s9.kh1.co/d0/d007310892d7cc3109e761f4b6bbec6d07e57648.jpeg
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေကတော့ ယနေ့ချိန်ထိ အသက်ဝင်လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။လူငယ်တွေကလည်း နေ့စဉ်ရက်ဆက် လမ်းပါ်ထွက်ကာ  ပြောက်ကျား သပိတ်များတွင် ပါဝင်နေကြတာကို မြင်တွေ့ရသည်မှာ အားစရာကောင်းလှပါတယ်။ သရုပ်ဆောင် ဘုန်းဆက်သွင်ကလည်း  ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရပေမယ့်လည်း  အခုချိန်ထိ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်အားဖြည့်ပေး နေတာ ဖြစ်ပါတယ်။

Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 

ဒါ့အပြင် သူ့ရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် လက်ရှိဖြစ်ပျက်နေတဲ့  သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း  ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ ဘုန်းဆက်သွင်ရဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ယူနေ့ကတာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ " ကြယ် " လို့ အမည်ရတဲ့ ကမ်ပိန်းလေးကို လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 

ဒီကမ်ပိန်းကတော့ အများပြည်သူတွေရဲ့ မျှော်လင့်ချက်တွေအတွက် ရှေ့တန်းကနေ ကြိုးစားပေးနေကြသူတွေအားလုံးကို ဂုဏ်ပြုတဲ့ စာသားများ ရေးသားကာ လူမှုကွန်ယက်တွင် တင်ကြရမှာ ဖြစ်ပါတယ်။ ဘုန်းဆက်သွင်ကလည်း " ကြယ်?

အများပြည်သူအတွက် ကြိုးစားပေးနေကြတဲ့

တောထဲကသတ္တိခဲလေးတွေက

ပြည်သူ့မျှော်လင့်ချက် ကောင်းကင်မှာ

တစ်လက်လက် တောက်ပနေတဲ့

ကြယ်  လေးတွေပါပဲ

ငါတို့ပန်းတိုင်ကို မြင်ရဖို့ လမ်းပြပေးတဲ့  ကြယ်

ငါတို့အိမ်မက်တွေတည်ဆောက်ဖို့စတေးပေးခဲ့တဲ့  ကြယ် နေရောင်ခြည် ထက်ပိုလင်းတဲ့  ကြယ် 

စာသားများကို Credit ပေးပါတယ်

တောထဲက (PDF)ညီအကိုမောင်နှမ သတ္တိ ခဲများကို 

လေးစားဂုဏ်ယူလျက် 

???ဒီနေ့ကမ်ပိန်းလေးကိုပါဝင်ပေးကြပါခင်ဗျာအရေးတော်ပုံ အောင်ရမည်  ??? " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီညမှာလည်း အမှောင်မိုက်ဆုံးညကို တော်လှန်မယ့် ဒုတိယအကြိမ်မြောက် Flash Strike လှုပ်ရှားမှုကို ည (၉) နာရီတိတိတွင် ပြုလုပ်မှာဖြစ်တာကြောင့် ပြည်သူတွေအားလုံးလည်း ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Phone Sett Thwin’s Facebook Account 

Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T