သားလေးပြန်မလာနိုင်တော့တာကိုသိရဲ့နဲ့ ဒီနေ့အချိန်ထိစောင့်နေမိတယ်ဆိုပြီး ရင်ထဲကခံစားချက်တွေကို ဖွင့်ဟလာတဲ့မိခင်တစ်ဦး

//s9.kh1.co/2a/2a018ea88969bdb7a06299608ea58c21288d0389.jpeg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သားလေးပြန်မလာနိုင်တော့တာကိုသိရဲ့နဲ့ ဒီနေ့အချိန်ထိစောင့်နေမိတယ်ဆိုပြီး ရင်ထဲကခံစားချက်တွေကို ဖွင့်ဟလာတဲ့မိခင်တစ်ဦး

ဒီနှစ်နွေဦးကတော့ မိသားစုတွေလည်း သေကွဲခွဲခွါနေရတာကြောင့် လူတိုင်းနီးပါးရဲ့ရင်ထဲမှာ နာကျင်ကြေကွဲမှုတွေနဲ့ ပြည့်နှက်နေရတာပဲဖြစ်ပါတယ်။တချို့မိဘတွေဆိုရင် ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့ မိမိတို့ရဲ့သားသမီးလေးတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။(၂၆.၃.၂၀၂၁)ရက်က မြိတ်မြို့ ရွှေပြည်တန်သပိတ်စစ်ကြောင်းမှာသူရဲကောင်းလူငယ်လေး ကိုမင်းမြတ်ပိုင်က ဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။မိဘတွေခမျာမှာတော့ သားလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် ယူကြုံးမရဝမ်းနည်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့အပါအဝင်ဆိုရင် ကိုမင်းမြတ်ပိုင် ကျဆုံးသွားခဲ့တာ ရက်ပေါင်း(၄၆)ရက် ကြာမြင့်သွားခဲ့ပြီဖြစ်ပါတယ်။ကိုမင်းမြတ်ပိုင်ကလည်း မကျဆုံးခင်နေ့မှာ မိခင်ကို”မေမေ သားတို့အောင်မြင်တော့မှာပါ ခဏပဲကျန်တော့တယ် ပြီးရင်မေမေ့ရင်ခွင်ထဲ သားပြန်ဝင်နားခိုတော့မှာပါ အခုတော့ သားလိုက်သွားပါရစေဦး”ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ကိုမင်းမြတ်ပိုင်ရဲ့ မိခင်ကတော့ သားလေးပြန်မလာနိုင်တော့တာကို သိရက်နဲ့ ဒီနေ့အချိန်အထိသားလေးကို စောင့်နေခဲ့တယ်လို့ ရင်ဖွင့်လာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိသားစုငါးယောက် ပျော်ပျော်ရွှင်ရွှင်၊ချစ်ချစ်ခင်ခင်နဲ့နေထိုင်ခဲ့တဲ့ အိမ်လေးကတော့ အခုဆိုရင် ခြောက်ကပ်တိတ်ဆိတ်နေတာပဲဖြစ်ပါတယ်။မိခင်အနေနဲ့လည်း နှလုံးသွေးတွေဆူပွက်ပြီး သားလေးကို နေ့စဉ်ရက်ဆက်သတိရနေတာဖြစ်ပါတယ်။အရင်နှစ် သားလေးမွေးနေ့တုန်းက သူမကိုမေးခဲ့တဲ့စကားလေးတွေကို ပြန်ကြားယောင်ပြီး ဒီနှစ်သားလေးရဲ့အသက်(၂၀)ပြည့်နေ့မှာ ရင်ထဲကခံစားနေရတာတွေကို စာလေးရေးသားပြီး ရင်ဖွင့်လာတဲ့ မိခင်တစ်ဦးရဲ့ခံစားချက်တွေကို စိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T