ကံကောင်း၍ အသက်မသေခဲ့သူ အဝေးသင်ပထမနှစ်ကျောင်းသူလေး မဝင်းပပလှိုင်

သည်လ ၁၅ ရက်နေ့မှာ ဟုမ္မလင်းမှ မုံရွာသို့သွားတဲ့ အမြန်ယာဉ်တစ်ဦးဟာ ကနီမြို့နယ် မိကျောင်းကျေးရွာအနီးမှာ နစ်မြုပ်ခဲ့ပါတယ်။ လူ ၃၀၀ ကျော်သယ်ဆောင်တဲ့ ထိုရေယာဉ်ဟာ ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့ပြီး ခရီးသည် ၁၅၅ ဦးကို ကာ်တင်ထားပြီး ကျန်ခရီးသည်များမှာ ရေယာဉ်နဲ့အတူ နစ်မြုပ်ခဲ့ရပါတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် လိုက်ပါလာသူတွေထဲမှာ ဝန်ထမ်းတွေ ဆရာဆရာမတွေ အဝေးသင်ကျောင်းသားတွေပါဝင်တယ်လို့ သိရပါတယ်။

လိုက်ပါလာတဲ့သူတွေထဲမှာ မော်လိုက်မြို့ ယုဝရွာနေ မုံရွာမြို့သို့ အဝေးသင်သွားရောက်တက်မယ့် ပထမနှစ်ကျောင်းသူ မဝင်းပပလှိုင်တစ်ယောက်လည်း ပါဝင်ခဲ့ပ့ါတယ်။ သူဟာရေယာဉ် နစ်မြုပ်စဉ်မှာ ချင်းတွင်းမြစ်အတွင်းကျခဲ့ပြီး ရေကူးနေစဉ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့တွေ့ဆုံခဲ့လို့ အသက်ဘေးက လွတ်မြောက်ခွင့်ရခဲ့သူပါ။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မဝင်းပပလှိုင်ဟာ ကုမုဒြာဂျာနယ်သို့ သူမရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး အသေးစိတ်ပြောပြခဲ့ပါတယ်။

" ကုမုဒြာ။ ။ ရေယာဉ်နစ်မယ်ဆိုတာ ဘယ် အချိန်မှာ သတိထားမိတာလဲ။

မမျိုးပပလှိုင်။ ။ ညီမလေးတို့က အိပ်နေတဲ့ အခါကြတော့ ရေယာဉ်က စောင်းသွားတာပေါ့။ ရေထဲကို ထွက်ကျသွားတာဘဲ သိလိုက်ရတာ၊ ညီမလေးတို့က ရေယာဉ်ရဲ့ ဘယ်ဘက်အခြမ်းကဆိုတော့ လွတ်သွားတယ်။

ညာဘက်အခြမ်းနဲ့ အထဲက လူတွေ ကတော့ တစ်ခါတည်းနစ်သွားတာပဲ တွေ့လိုက်ရတယ်။ မှောင်နေတော့ မမြင်ရဘူး ရေပေါ်မှာ မည်းမည်းနဲ့ ပုံစံတွေ လှုပ်ရှားနေတာပဲ တွေ့လိုက်ရတယ်။

ကုမုဒြာ။ ။ ညီမလေးက ဘယ်နေရာက နေစီးပြီး လိုက်လာတာလဲ။ နစ်မြုပ်တော့မယ့်အချိန်မှာ အသက်ကယ်အကျႌဝတ် ထားလား။ သူတို့က ရေယာဉ်မြုပ်တော့မယ်ဆိုပြီး သတိပေးတာရှိလား။

မမျိုးပပလှိုင်။ ။ စပြီးစီးတဲ့ အချိန်တုန်းက ရေယာဉ်ရဲ့ ခေါင်မိုးပေါ်ကနေ လိုက်စီးလာ ရတာ၊ လမ်းတစ်ဝက်ရောက်မှ မိုးရွာလို့ဆိုပြီး အထဲမှာ နေရာချပေးတာ ထိုင်ခုံရတာ၊ ကလေးဝရောက်ခါနီးမှာ နေရာရတာ၊ ဘေးက တွယ်စီးလာတဲ လူတွေလဲ အများကြီးပဲ၊ နစ်မြုပ်တော့မယ်ဆိုပြီး သတိပေး တာတော့ မရှိပါဘူး၊ ခရီးသည်တို့ ခရီး သည်တို့ဆိုတဲ့ အော်သံပဲ ကြားလိုက်ရ တယ်။ ဘာအသက်ကယ်အကျႌမှလည်း မဝတ်ထားပါဘူး။

စမြုပ်တာက မနက်လေးနာရီကျော် ကျော်ပေါ့။ ပထမဆုံး နစ်သွားတဲ့ အချိန်မှာ ဘာမှကိုင်လို့ မရဘူး၊ လူတွေက ဟိုဆွဲ သည်ဆွဲနဲ့ ဆိုတော့လေ၊ တချို့က ဆွဲထားတဲ့ လက်တွေကို ပစ်ချထားခဲ့တယ်။ လူတွေက နစ်မြုပ်မှာကြောက်တော့ သူတို့ လက်ကို အဆွဲမခံဘူး။ လက်နဲ့ လှမ်းဆွဲရင် ပစ်ချခဲ့တာ။ ညီမလေးလည်း ကူးရင်းကူး ရင်းနဲ့ ဝေးသွားတဲ့အခါ လူတစ်ယောက်က သူလည်းကူးရင်းကနေ ညီမလေးကို ဂျက် ဖာတစ်လုံး လှမ်းပေးလိုက်တယ်။ သူ့ကို မ ဆွဲနဲ့ဆိုပြီး ဖာလေးလှမ်းပေးတာ၊ ရေထဲမှာ သုံးနာရီကြာအောင် ရေကူးခဲ့ရတယ်။ ကင်းကျေးရွာ အနား အရောက်မှာ လာ ကယ်တဲ့ စက်လှေကို တွေ့ပြီးတော့ အသက်ရှင်လွတ်မြောက်ခဲ့ရတာပါ။ ဘယ်သူ ဘယ်ဝါရယ် မသိဘူး၊ အသံတွေပဲ ကြားနေ ရတာ၊ ညီမလေးတို့က ရေကူးတတ်လို့ တော်သေးတာပေါ့˘

သင်္ဘောက အချိန်ကြာကြီး စောင်းသွားတာ မဟုတ်ဘဲ ခဏလေးအတွင်းမှာ ဖြစ်သွားတာဆိုတော့ လူတွေက သင်္ဘောအောက်ထဲမှာ မြုပ်နေတယ်လို့ ထင်တယ်၊ အသက်မရှင်လောက်တော့ဘူးထင်တယ်၊ တစ်ခဏလေးအတွင်းမှာ ဖြစ်သွားတာဆိုတော့ သူတို့အတွက် မျှော်လင့်ချက်မရှိလောက်တော့ဘူးထင်တယ်၊ ဘာသတိမှ ရှိလိုက်မှာ မဟုတ်ဘူး။

ကုမုဒြာ။ ။ ညီမလေးနဲ့အတူ ခရီးအတူ ထွက်လာတာ ဘယ်နှယောက်ပါလဲ။ သူ တို့အသက်ရှင်ကြလား။

မမျိုးပပလှိုင်။ ။ ညီမလေးရယ်၊ ညီမလေး သူငယ်ချင်း နှစ်ယောက်ရယ် ကနီမြို့က ဆရာမ တစ်ယောက်ရယ် တူတူလာတာ ရေထဲမှာ သုံးယောက်သားတစ်ယောက် ကို တစ်ယောက်ကူပြီး လာကြတာ၊ ပြီး တော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားကြတယ်။ ပစ္စည်းတွေလည်း ဘာမှ မ ယူလိုက်ရဘူး။ ခန္ဓာကို်ယ်က အဝတ်အစား တစ်ခုပဲ ပါတယ်။ ဖိနပ်တောင်မပါဘူး။ ကူး လိုက်ရတာ အဝတ်အစားတွေ ပိုက်ဆံတွေ စာအုပ်တွေ ဘာမှ မယူလိုက်ရဘူး။ ကျန် တဲ့ လူတွေလည်း ဘာမှ မသယ်လိုက်ရ ဘူး။ သူတို့လည်း အသက်ရှင်တယ်။ ငါ သေပြီပေါ့၊ ရေထဲမှာ အသက်မရှင်တော့ ဘူးလို့ ခံစားလိုက်ရတာ ထင်လိုက်တာကူး ရင်းကူးရင်းနဲ့မှ ကယ်သူတွေနဲ့ တွေ့လိုက်ရတာ။

ကုမုဒြာ။ ။ ရေယာဉ်ပေါ်မှာ ခရီးသည် ဘယ်နှယောက်လောက် လိုက်ပါလာတာလဲ။

မျိုးပပလှိုင်။ ။ ခရီးသည် ၃ဝဝ ကျော် လောက်ပါလာတာ၊ အဝေးသင်ကျောင်းသူတွေ အများအပြားပါလာတယ်လို့ ပြော တယ်။ ကိုယ်နဲ့မသိတဲ့ ကျောင်းသူတွေလည်း အများကြီးပါလာတာလေ။ ညီမလေးတို့ဘေးနားက အစ်မကြီးဆိုရင် သူ့ ကလေးလေး ကိုးလပဲရှိသေးတာကို ခုထိ ရှာမတွေ့သေးဘူး၊ အဲဒီအစ်မဆို ခုအထိငို နေတာ၊အဲဒီအစ်မက အခု ကင်းဆေးရုံမှာ ခုတော့ ဘယ်ပို့လိုက်လဲ မသိဘူး။ အထဲက အိပ်ဆောင်တေထဲမှာလည်း လူတွေက အများကြီးပါလာတာ တွေ့တယ်။

ကုမုဒြာ။ ။ ရေထဲမှာ အကြာကြီးကူးခတ် လာခဲ့ရတော့ ဒဏ်ရာရခဲ့တာတွေရောရှိ လား၊ ဆေးကုသမှုခံယူခဲ့ရသေးလား။

မျိုးပပလှိုင်။ ။ ဒဏ်ရာကတော့ ဆောင့်မိတဲ့ ဒဏ်ရာပဲရှိတာ။ ရေကလည်းနှောက်တယ် ရွေ့ရေတွေရော၊ ရေယာဉ်ကထွက်ကျလာတဲ့ ဆီတွေရောပဲ။ တစ်ကိုယ်လုံးကို မဲညစ်သွားတာ ကင်းဆေးရုံမှာ ဆေးကုသပြီး အ ခုအဒေါ်နေတဲ့ကျောက်မှော်မှာ ခဏနေနေ တယ်၊ ဆေးကတော့ အကြောဆေးပဲသွင်းခဲ့ရတာ၊ ကျောင်းတက်ဖို့ကို မိသားစု ရေကာ်လာမှာပဲ ဆက်လုပ်ရတော့မယ်။

မှတ်ပုံတင်လဲပါသွားတာဆို ဘာမှမယူလိုက်နိုင်ဘူး။ အဝတ်အစားတွေကို ကင်းဆေးရုံက ဆင်ပေးလိုက်တာနဲ့ ဝတ် ထားရတာ။

ကုမုဒြာ။ ။ စာမေးပွဲက ဘယ်တော့ဖြေရမှာလဲ။ ကျောင်းကတာဝန်ရှိသူတွေကရော ဘာတွေအကူအညီပေးနေလဲ။

မျိုးပပလှိုင်။ ။ ခုချိန်အထိတော့ မဆက်သွယ်လာကြသေးဘူး။ မနေ့က ဝန်ကြီးချုပ်ကလာပြီး ကြည့်သွားတယ်။ ကျောင်းတွေကတော့ အဆက်အသွယ်မလုပ်သေးဘူး။ ကင်းရွာဆေးရုံနဲ့ ရွာက အလှူရှင်တွေကတော့ မုန့်တွေနဲ့ ဖိနပ်အပါအဝင် ဝန်ကြီးလှူ တာတွေနဲ့ပေါင်းရင် တစ်ယောက်ကို သုံး သောင်းထောက်ပံ့ငွေရထားပါတယ်။ စာမေးပွဲက နိုဝင်ဘာလထဲမှာ ဖြေမှာဆိုတော့ မုံရွာမှာ အနီးကပ်သင်တန်းသွားတက်ရမှာပါ။

ကုမုဒြာ။ ။ ရေယာဉ်နစ်မြှုပ်မှုနဲ့ ပတ်သက်ပြီး နစ်နာခဲ့တဲ့သူတွေအတွက် ဘာတွေ ပြန်လုပ်ပေးစေချင်လဲ။

မျိုးပပလှိုင်။ ။ သူတို့က လူအများကြီးတင် လို့ရတယ်လို့ ပြောတာလေ။ ဖေ့ဘုတ်ခ်တွေပေါ်မှာလည်း တက်လာတယ်လေ။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေက ရေးထားတာ လူတွေအများကြီးတင်လို့ ဖြစ် တယ်ဆိုတဲ့အကြောင်း၊ နောက်ကို လူတွေ အများကြီး မတင်အောင် ထိထိရောက် ရောက်အပြစ်ပေးသင့်တယ်။သူတို့ကောင်း စားဖို့အတွက် လူရာပေါင်းများစွာရဲ့ အသက်တွေ အများကြီးပေးခဲ့ရတာ၊ ရေယာဉ်စီးခက တစ်ယောက်ကို ကျပ် ၉ဝဝဝ ပေးခဲ့ ရတာပါ။ အခုအချိန်အထိ နေလို့ထိုင်လို့ မ ကောင်းသေးဘူး။ အဒေါ်အိမ်မှာ နားနေရတယ်။

ကုမုဒြာ။ ။ အခုလိုဖြေကြားပေးတာ ကျေး ဇူးတင်ပါတယ်။"

အခုလို ရင်နင့်ဖွယ်အဖြစ်အမျိုးကို ကြားရတာ တကယ့်ကို စိတ်မကောင်းစရာပါ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူပြီး နောက်နောင်ဒီလိုမဖြစ်ရအောင် တားဆီးသင့်ပါတယ်

Source: KuMuDra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။