ဆန္ဒထုတ်ဖော်ပွဲတွေကတော့ မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာ နေ့စဥ်နဲ့အမျှ ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ် ။ မြို့ကြီးပြကြီးတွေမှာရှိတဲ့ ပြည်သူတွေက ရရာနည်းလမ်းနဲ့ လူထုလှုပ်ရှားမှုပြုလုပ်ကြသလို နယ်မြို့လေးတွေမှာရှိတဲ့ ပြည်သူတွေကလည်း နေ့ညမရွေး ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။ မန္တလေးမြို့မှာဆိုရင်လည်း စည်းလုံးညီညွတ်ကြတဲ့ ပြည်သူတွေက နေ့တိုင်းလိုလို သပိတ်ကြောင်းတွေ တစ်ခုပြီးတစ်ခုထွက်ကာ သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ကြိုးစားဖော်ပြနေကြတာပဲ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ မေလ (၈) ရက်နေ့ကလည်း မန္တလေးမြို့မှာရှိတဲ့ ပြည်သူတွေက စျေးလာဝယ်ရင်းနဲ့ပဲ ဆန္ဒထုတ်ဖော်ပွဲတစ်ခုဖြစ်အောင် ဖန်တီးလိုက်ကြတာ ဖြစ်ပါတယ် ။ မနက်ခင်းမှာ စျေးလာဝယ်ထွက်ကြတဲ့ ပြည်သူတွေက မထင်မှတ်ဘဲ စုစည်းမိသွားပြီး သပိတ်ကြောင်းတစ်ခုထွက်ကာ အပြေးအလွှား ဆန္ဒဖော်ထုတ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေကတော့ လူထုလှုပ်ရှားမှု ပြုလုပ်ဖို့အတွက် အချိန်မရွေး၊ နေရာမရွေးဘဲ အမြဲအသင့်ရှိနေတတ်ကြတာ ဖြစ်ပါတယ် ။
ပြည်သူတွေက စျေးဝယ်ရင်း လူစုမိရာကနေ လမ်းမပေါ်ထွက်ကာ ကြွေးကြော်ခဲ့ပြီးနောက်မှာတော့ အသီးသီးလူစုခွဲခဲ့ကြတာ ဖြစ်ပါတယ် ။ အားလုံးရဲ့မျှော်လင့်ချက်အိပ်မက်တွေအတွက် နောက်မဆုတ်တမ်း ကြိုးစားနေတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်ကလည်း ချီးကျူးချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ဒီမြင်ကွင်းကိုတော့ မန္တလေးမြို့က ဓာတ်ပုံဆရာတစ်ဦးကနေ အမိအရမှတ်တမ်းတင်ပြီး ရိုက်ကူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
Source : Spring Diary's FB Page
Photo & Video Credit- Photographer Swan Htet Aung (Spring Diary)