နွေဦးတော်လှန်ရေးကြီးအတွက် အင်တိုက်အားတိုက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပေးခဲ့ကြတဲ့ လန်ဒန်က မြန်မာလူမျိုးများ

//s9.kh1.co/13/13b58641144de9f440e8eaf52c397c70b2d61bef.jpeg
နေ့စဉ်သတင်းများ

 ၀၉-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အချိန်နဲ့တစ်ပြေးညီစိတ်ဝင်စားခြင်းကိုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကတော့ ဒီနေ့ထိ အသက်ဝင်နေဆဲပါ။လူငယ်မျိုးဆက်သစ်တွေကလည်း နိုင်ငံတကာရဲ့ သတင်းမီဒီယာတွေ သတိထားမိလာအောင် အချိန်ရှိတိုင်း နည်းမျိုးစုံကို တီထွင်ကာ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ဘဝကို စာနာနားလည်ပေးတဲ့ ပြည်ပနိုင်ငံရောက် သွေးချင်းညီအစ်ကိုတွေကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ် ။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုအချိန်မျိုးမှာ ပြည်သူတိုင်းက စည်းလုံးညီညွတ်ကြပြီး အပြန်အလှန် ရိုင်းပင်းကူညီကြလို့ အားတက်စရာကောင်းသလို ကြည်နူးပီတိဖြစ်မိတာအမှန်ပါပဲ။မိမိတို့ရဲ့အမိမြေအတွက် ပြည်တွင်းက မြန်မာပြည်သူလူထုနဲ့အတူ တစ်သွေးတည်း၊တစ်သားတည်းရပ်တည်ပေးနေကြတာလည်းဖြစ်ပါတယ်။ပြည်ပရောက်နေပေမယ့်လည်း လက်ရှိမြန်မာ့အရေးမှာ ပါဝင်အားဖြည့်ပေးနေကြတဲ့သူတွေကို ပြည်တွင်းနေထိုင်သူတွေကလည်း အစဉ်အမြဲ ကျေးဇူးတင်နေကြတာပါ ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

​တစ်မ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာဆိုလည်း နိုင်ငံအသီးသီးက မြန်မာလူမျိုးတွေဟာ ဒီလူထုလှုပ်ရှားမှုကြီးမှာ အင်အားအပြည့်နဲ့ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုလည်း လန်ဒန်ကိုရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေစုပေါင်းပြီး ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုတွေကို လှုပ်ရှားခဲ့ကြတာကိုတွေ့မြင်ရပါတယ်။အားမာန်အပြည့်နဲ့ ပါဝင်နေတဲ့ ပြည်သူတွေကိုကြည့်ပြီး လေးစားမိတာအမှန်ပါပဲနော်။ပရိသတ်ကြီးအတွက် လန်ဒန်ကမြန်မာလူမျိုးတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T