များပြားတဲ့ လူအင်အားနဲ့ လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ မဟာတပ်ပေါင်းစုသပိတ်စစ်ကြောင်း

//s9.kh1.co/ca/ca1e855d530ecf7f3a95ca7e5b48458a882672ef.jpg
နေ့စဉ်သတင်းများ

 ၀၉-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဆန္ဒထုတ်ဖော်မှုတွေ နေ့တိုင်းရှိနေတဲ့ မန္တလေးမြို့အတွင်းမှာဆိုရင်လည်း ယနေ့ မေလ ၉ ရက်နေ့ မနက်ပိုင်းမှာ မဟာတပ်ပေါင်းစု သပိတ်စစ်ကြောင်း ထွက်ရှိခဲ့ပါတယ်။

ဒီသပိတ်စစ်ကြောင်း အတွင်းမှာတော့ စိန်ပန်း သပိတ်စစ်ကြောင်း ၊ အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြု သပိတ်စစ်ကြောင်း ၊ သမဝါယမ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ သပိတ် နဲ့ အခြားသော ပူးပေါင်း သပိတ်စစ်ကြောင်းတွေလည်း ပါဝင်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒါ့အပြင် ကျောင်းသား/ ကျောင်းသူတွေနဲ့ လမ်းသွားလမ်းလာ မိဘပြည်သူတွေကလည်း ဒီစစ်ကြောင်းထဲမှာ အားဖြည့်လိုက်ပါခဲ့ကြပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

လူဦးရေ ရာနဲ့ချီတဲ့ ဒီသပိတ်စစ်ကြောင်းဟာ မန္တလေးမြို့ရဲ့ လမ်းမတွေပေါ်မှာ လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဘေးကနေ ဆိုင်ကယ်နဲ့ ဝန်းရံပေးတဲ့သူတွေရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီကနေ့ မန္တလေးမြို့အတွင်းမှာ မဟာတပ်ပေါင်းစု သပိတ်စစ်ကြောင်းတစ်ခုထဲ ထွက်ရှိခဲ့တာမဟုတ်ပဲ ရတနာပုံတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ သပိတ်စစ်ကြောင်းလည်းထွက်ရှိခဲ့သလို အခြားသော ဆန္ဒထုတ်ဖော်မှုတွေလည်း ရှိနေတာကို တွေ့ရပါတယ်။

ဘယ်လောက်ပဲ ဖိနှိပ် ဖြိုခွဲခံရ မလျော့သောဇွဲသတ္တိနဲ့ လမ်းမတွေပေါ်ထွက်ပြီး ဆက်လက်ဆန္ဒထုတ်ဖော်နေကြတဲ့ မန္တလေးမြို့သူ မြို့သားတွေရဲ့ သတ္တိကတော့ လေးစားစရာပါပဲ။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T