မြန်မာပြည်အတွက် အထူးသတိရ ဆုတောင်းခြင်းအစီအစဉ်များပြုလုပ်ခဲ့ကြတဲ့ တောင်ကိုရီးယားလူမျိုးကျောင်းသား၊ကျောင်းသူများ

//s9.kh1.co/e9/e9743b529f31101f7ac4c2daa745e99ef68ac106.jpeg
နေ့စဉ်သတင်းများ

 ၀၉-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မြန်မာပြည်အတွက် အထူးသတိရ ဆုတောင်းခြင်းအစီအစဉ်များပြုလုပ်ခဲ့ကြတဲ့ တောင်ကိုရီးယားလူမျိုးကျောင်းသား၊ကျောင်းသူများ

မြန်မာပြည်ရဲ့အရေးကိစ္စမှာ ဒီနေ့အချိန်ထိ တစိုက်မက်မက်ပါဝင်အားဖြည့်ပေးတဲ့နိုင်ငံကတော့ တောင်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်။တောင်ကိုရီးယားပြည်သူ၊ပြည်သားတွေက မြန်မာလူမျိုးတွေ လက်ရှိခံစားနေရတဲ့အဖြစ်အပျက်ကို ကိုယ်ချင်းစာနာပြီး အားတက်သရောဝန်းရံပေးနေကြတာဖြစ်ပါတယ်။မြန်မာ့အရေးကို လျစ်လျူမရှုထားဘဲ အခုလိုမျိုး တစ်ထောင့်တစ်နေရာကနေ လှုပ်ရှားပေးနေကြတဲ့ ကိုရီးယားလူမျိုးတစ်ယောက်ချင်းစီတိုင်းကို မြန်မာပြည်သူလူထုက ရင်ထဲကနေကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တောင်ကိုရီးယားနိုင်ငံရဲ့ အထက်တန်းကျောင်းသား၊ကျောင်းသူလေးတွေကပါ မြန်မာပြည်အတွက် အထူးသတိရဆုတောင်းခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ကိုရီးယားလူမျိုးကျောင်းသား၊ကျောင်းသူတွေကတော့ “မြန်မာပြည်ကြီးက အခက်အခဲကို ကမ္ဘာအရပ်ရပ်ကပြည်သူတွေ မေ့မထားပါဘူး။သတိတရဆုတောင်းပေးနေတာကြောင့် မြန်မာပြည်သားတွေလည်း အားတင်းထားပေးပါ။ အောင်ပွဲကို ရောက်အောင်ချီတက်ပါ။ " ဆိုပြီး အားပေးစကားပြောထားသေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့အပြင်လည်း ကျောင်းသား၊ကျောင်းသူလေးတွေက ကိုရီးယားဘာသာစကားနဲ့အတူ ရုပ်ပုံလေးတွေဆွဲပြီးကျောင်းထဲမှာပြသထားတာဖြစ်ပါတယ်။အခုလို ကျောင်းသား/သူ လေးတွေက အစ လူကြီးလူငယ်မရွေး မြန်မာ့အရေးကို အလေးထားစာနာပေးနေကြတဲ့ တောင်ကိုရီးယားလူမျိုးတွေရဲ့စိတ်ဓာတ်က လေးစားဖို့ကောင်းလှပါတယ်။မြန်မာလူမျိုးတွေ ရင်ဆိုင်ကြုံတွေ့နေရတာကို တစ်ဖက်တစ်လမ်းကနေ အားပေးကူညီနေတဲ့ ကိုရီးယားလူမျိုးတွေကို ကျေးဇူးတင်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T