ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့်လည်း စစ်ဘေးရှောင်စခန်းမှာ အမိုး၊အကာလုံခြုံဖို့အတွက် ကိုယ်တိုင်တပ်ဆင်ပေးနေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/bd/bd2d629144d7e4895c35bd27f7307aff6dba352b.jpeg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့်လည်း စစ်ဘေးရှောင်စခန်းမှာ အမိုး၊အကာလုံခြုံဖို့အတွက် ကိုယ်တိုင်တပ်ဆင်ပေးနေတဲ့ ပြည်သူတစ်ဦး

မြန်မာပြည်မှာစုပေါင်းနေထိုင်ကြတဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေကတော့ တစ်ခုခုဆိုရင် အရမ်းစည်းလုံးကြပြီး အမြဲကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း ကရင်ပြည်နယ်၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ တချို့တိုင်းရင်းသားတွေခမျာ စစ်ဘေးဒုက္ခကိုခံစားနေရဆဲဖြစ်ပါတယ်။ပြည်သူလူထုကတော့ စစ်ဘေးရှောင်တွေကို တတ်နိုင်သလောက်ကူညီပေးပြီး သူတို့ရဲ့ဒုက္ခတွေကို ကိုယ်ချင်းစာနာပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာဝန်မလေးတစ်ယောက်ဆိုရင် ကချင်ပြည်နယ်စစ်ဘေးရှောင်စခန်းများကို ကိုယ်တိုင်သွားရောက်ပြီးအစစအရာရာကူညီပေးနေတာဖြစ်ပါတယ်။ဖျားနာနေကြတဲ့ သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေ၊ကလေးငယ်လေးတွေနဲ့ကိုယ်ဝန်ဆောက်မိခင်တွေကိုလည်း ဆေးကုသပေးနေတာဖြစ်ပါတယ်။ဆရာဝန်မလေးကတော့ မိန်းမသားတစ်ယောက်ဖြစ်ပေမယ့်လည်း အရမ်းရဲရင့်ပြီး စစ်ဘေးရှောင်တွေနဲ့အတူဒုက္ခအကြပ်အတည်းကို ရင်ဆိုင်ဖြေရှင်းပေးနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ဆရာဝန်မလေးက မိုးတွေစရွာလာပြီဖြစ်လို့ စစ်ဘေးရှောင်စခန်းတွေအမိုး၊အကာလုံခြုံဖို့အတွက်ကိုယ်တိုင်တပ်ဆင်ပေးနေတာဖြစ်ပါတယ်။ဆရာဝန်မလေးကတော့ ဘက်စုံတော်ပြီး စစ်ဘေးရှောင်ပြည်သူတွေကိုကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုး သေချာဂရုစိုက်ပေးတာဖြစ်ပါတယ်။အခုလိုမျိုး ဂရုဏာစိတ်အပြည့်နဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအပေါ်မှာ ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်မလေးရဲ့ပုံရိပ်တွေကိုပီတိဖြစ်စွာနဲ့ပြန်လည်မျှဝေလိုက်ပါရစေ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T