လူအင်အားအများအပြားနဲ့ လူထုလှုပ်ရှားမှုတွေကို တက်ကြွစွာဆောင်ရွက်ခဲ့ကြတဲ့ မန္တလေး ကျန်းမာရေးမိသားစုရဲ့ ဆည်းဆာသပိတ်

//s9.kh1.co/6c/6c05c1c927d711390733497411180c8bcae700a6.jpeg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

လူအင်အားအများအပြားနဲ့ လူထုလှုပ်ရှားမှုတွေကို တက်ကြွစွာဆောင်ရွက်ခဲ့ကြတဲ့ မန္တလေး ကျန်းမာရေးမိသားစုရဲ့ ဆည်းဆာသပိတ်

မြန်မာပြည်သူ၊ပြည်သားတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို နည်းလမ်းအမျိုးမျိုးနဲ့ တွန်းလှန်ပြီးမိမိတို့ရဲ့ဆန္ဒတွေကိုထုတ်ဖော်နေကြတာဖြစ်ပါတယ်။နေ့စဉ်ရက်ဆက်ပြုလုပ်နေကြတဲ့ လူထုလှုပ်ရှားမှုတွေမှာဆိုရင် ပြည်သူတွေအကုန်လုံးက စည်းစည်းလုံးလုံးနဲ့  အရာရာကိုရင်ဆိုင်နေကြပြီး ရဲစွမ်းသတ္တိလည်းအပြည့်ရှိကြတာဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာတော့ အားကြိုးမာန်တက်ပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုတွေကို မြို့နယ်အသီးသီးမှာတွေ့မြင်နေရတာဖြစ်ပါတယ်။

Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 

မေလ(၆)ရက်နေ့ကဆိုရင်လည်း မန္တလေးသူ၊မန္တလေးသားတွေက အန္တရာယ်တွေကြားထဲကနေ လမ်းပေါ်ထွက်လာကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း မန္တလေးကျန်းမာရေးမိသားစုက ညနေခင်းပိုင်းအချိန်မှာ “ဆည်းဆာသပိတ်”ဆိုပြီး ဆင်နွှဲခဲ့ကြသေးတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ မျိုးဆက်သစ်လူငယ်လေးတွေရဲ့အနာဂတ် လှပဖို့အတွက် နေ့ညမရွေး ကြိုးစားပေးနေကြတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင် လူတိုင်းနီးပါးက မိမိတို့နိုင်သလောက်ဝန်ကိုမျှထမ်းပြီး အတူတူချီတက်နေကြတာဖြစ်ပါတယ်။

Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 

မန္တလေးမှာနေထိုင်ကြတဲ့ပြည်သူတွေကတော့ နေ့တိုင်းလမ်းပေါ်ထွက်နေကြပေမယ့် မမောမပန်းကြဘဲ ခွန်အားအပြည့်နဲ့ဆက်လက်အကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်။ကျန်းမာရေးမိသားစုကလည်း ပြည်သူတွေထဲကပြည်သူတွေပဲဖြစ်တာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာ တစ်ထောင့်တစ်နေရာကနေပါဝင်နေတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း မန္တလေး ကျန်းမာရေးမိသားစုရဲ့ “ဆည်းဆာသပိတ်” ဆောင်ရွက်နေကြတဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 
Photo Credit:MPS Pressphoto 

Source&Photo Credit: Original Uploder /MPS Pressphoto 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T