ကလေးတွေကို ပညာသင်ကြားပေးခဲ့ရုံသာမက အတွေးအခေါ်မြင့်မားပြီး စာနာစိတ်ထားတတ်အောင်ပါ လမ်းပြပေးနိုင်ခဲ့တဲ့ ဆရာမလေးမီဆော

//s9.kh1.co/7a/7aaac3948bd245bbc7a4d3379ee04ff9dfdcb498.jpg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကလေးတွေကို ပညာသင်ကြားပေးခဲ့ရုံသာမက အတွေးအခေါ်မြင့်မားပြီး စာနာစိတ်ထားတတ်အောင်ပါ လမ်းပြပေးနိုင်ခဲ့တဲ့ ဆရာမလေးမီဆော

လက်ရှိကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ လူထုလှုပ်ရှားမှုတွေကို ကြိုးစားပမ်းစား ပြုလုပ်နေကြပေမယ့်လည်း ဖမ်းဆီးခံလိုက်ရတဲ့သူတွေနဲ့ ကျဆုံးသူတွေ အများအပြားရှိနေပြီ ဖြစ်ပါတယ် ။ ပြည်သူတွေက ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အမြဲတမ်းလေးစားဦးညွတ်နေကြသလို ဖမ်းဆီးခံထားရတဲ့သူတွေ အမြန်ဆုံး လွတ်မြောက်ဖို့အတွက်လည်း ဝိုင်းဝန်းကူညီနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတွေက ဆရာမလေးမီဆောကို လွှတ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဆရာမလေး မီဆောကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၈)ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ယ‌ခုအချိန်အထိ မလွတ်မြောက်သေးတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပြည်သူတွေက ဆရာမလေးမီဆောအတွက် Speak Out လုပ်ပေးကြပါဦးဆိုပြီး လူမှုကွန်ယက် စာမျက်နှာတွေကတစ်ဆင့် တိုက်တွန်းနှိုးဆော်နေကြတာ ဖြစ်ပါတယ် ။ ဆရာမလေးမီဆောကတော့ ကလေးတွေကို ပညာသင်ကြားပေးခဲ့ရုံသာမက အတွေးအခေါ်မြင့်မားပြီး စိတ်နှလုံးလှအောင်ပါ သွန်သင်ဆုံးမပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါကြောင့်လည်း ဆရာမလေးမီဆောရဲ့တပည့်လေးတွေ ရေးသားထားတဲ့ စာစီစာကုံးတွေမှာဆိုရင် စာနာစိတ်နဲ့ ကိုယ်ချင်းစာတရားတွေ ပြည့်ဝနေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ ဒီစာလေးတွေကတစ်ဆင့် ဆရာမလေး မီဆောရဲ့အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ဆရာမလေး အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ဆုတောင်းနေကြပြီး တတ်နိုင်သလောက် ကြိုးစားပေးနေကြတာလည်း ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T