နေပူပူထဲမှာ သူတို့ရဲ့ ရင်တွင်းဆန္ဒတွေကို ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ မြိုင်မြို့က ကျောင်းသားကျောင်းသူများ

//s9.kh1.co/47/47337aa0c842c3894957fc208bfd57b72ebd8dac.jpg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာပြည်သူပြည်သားများ အားလုံးကတော့ ယခုအချိန်မှာဆိုရင် ပြည်သူလူထုအချင်းချင်းကပဲ အသက်ပေးပြီး ကာကွယ်စောင့်ရှောက်ပေးနေကြတာကို လေးစားဖွယ် တွေ့မြင်နေရတာ ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း မမျှော်လင့်ပဲ ကျဆုံးသွားရတဲ့ အာဇာနည် သူရဲကောင်းတွေကလည်း အများအပြား ရှိလာနေတာကြောင့် အသက်ပေးသွားရတာနဲ့ တန်အောင် နေ့စဉ်ရက်ဆက် မမောမပန်းနိုင်ဘဲ ဆက်လက် လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ပြည်သူတွေက လူထုလှုပ်ရှားမှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မျိုးဆက်သစ် လူငယ်လေးတွေကလည်း ထီထွင်ကြံဆကာ သူတို့ရဲ့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြသနေကြတာ ပဲဖြစ်ပါတယ်။စည်းလုံးညီညွှတ်စွာနဲ့ တရားမျှတတဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးစားနေကြတာဆိုရင် ရက်ပေါင်း (၉၆)မြောက် ရှိနေပြီ ဖြစ်ပါတယ်။ဒုတိယအကြိမ် ပြန်လည်အသက်ဝင်လာတဲ့ နွေဦးတော်လှန်ရေးကြီးက လက်ရှိမှာတော့ ပိုမို အားကောင်းလာတာကို အားရဖွယ်တွေ့မြင်ရပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ဒီရက်ပိုင်းမှာတော့ နေ့စဉ်ရက်ဆက် မြို့နယ်အသီးသီးမှာ တော်လှန်ရေးကြီးကို ပြုလုပ်နေကြတာ ဖြစ်ပြီး ဒီကနေ့မှာဆိုရင် မြိုင်မြို့ရဲ့ ကျောင်းသား ကျောင်းသူလေးတွေက အာဏာရှင် လက်အောက်မှာ ပညာရေးအလိုမရှိကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းတွေကို ပရိသတ်တွေ အတွက် မျှဝေပေးလိုက်ပါတယ်။သူတို့ရဲ့ အနာဂတ်အတွက် အန္တရယ်တွေကြားမှာ ဆန္ဒထုတ်ဖော်နေကြတဲ့ ကလေးတို့ရေ ဘေးကင်းကြပါစေနော်.....???

Photo Credit -Original Uploader
Photo Credit -Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T