မိမိတို့ခံစားချက်တွေကို စက္ကူပေါ်မှာချရေးရင်း လှေလေးတွေဖန်တီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မိုးကုတ်မြို့ရဲ့ စက္ကူလှေသပိတ်

//s9.kh1.co/66/6615d5e41e786186ae8fe88fb51668f659a28cde.jpeg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုဆိုရင်မြန်မာနိုင်ငံ နေရာအနှံအပြားက ပြည်သူတွေဟာ ငြိမ်းချမ်းစွာ Strike လုပ်နိုင်မယ့် နည်းလမ်းအစုံကို အသုံးချကာ ဆန္ဒထုတ်ဖော်မှုတွေကို ညီညီညွတ်ညွတ် ပြုလုပ်နေကြတာ တကယ်ကို လေးစားစရာ မြင်ကွင်းတွေပါပဲနော်။ ထိုမြင်ကွင်းတွေကပဲ ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းမီဒီယာတွေထိ ရောက်ခဲ့သလို လူငယ်တွေရဲ့ တီထွင်နိုင်မှုတွေကို ချီးကျူးဂုဏ်ပြုနေကြတာပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အပြင်ထွက်နိုင်သူတွေကလည်း လမ်းမထက်မှာ ဆန္ဒထုတ်ဖော်ကြသလို အိမ်ပြင်မထွက်နိုင်သူတွေကလည်း သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြကာ ရရာနေရာကနေ ပါဝင်ပေးနေကြတာပါ။ဒီရက်ပိုင်းမှာဆိုရင်လည်း ရန်ကုန် မန္တလေး စတဲ့ မြို့ကြီးအပါအဝင် အခြားနေရာအစုံမှာလည်း ပြောက်ကျားသပိတ်တွေကို လူငယ်တွေ ပြန်လည် လှုပ်ရှားလာကြတာတွေ့မြင်ရပါတယ်။ဒီနေ့ထိ အပစ်အခတ်တွေ ဖမ်းဆီးမှုတွေ နေရာတိုင်းမှာရှိနေပေမယ့် ပြည်သူအားလုံးက လက်မလျော့သွားဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်တိုးနေကြတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မေလ (5 ) ရက်နေ့မှာဆိုရင်လည်း မိုးကုတ်မြို့က ပြည်သူတွေစုပေါင်းပြီး စက္ကူတွေပေါ်မှာ မိမိတို့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ရေးဆွဲကာ စက္ကူလှေလေးတွေကို ရေထဲမှာလွှတ်ရင်း ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့ကြတာတွေ့မြင်ရပါတယ်။လူငယ်တွေရဲ့ တီထွင်နိုင်စွမ်းတွေကတော့ တကယ်ကို ချီးကျူးလေးစားစရာပါပဲနော်။ဒါ့အပြင်အရင်ရက်တွေမှာဆိုရင်လည်း မိုးကုတ်မြို့ရှိလူငယ်လေးတွေဟာ သပိတ်စစ်ကြောင်းမျိုးစုံကို နေ့ရက်တိုင်း ချီတက်လှုပ်ရှားခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T