တစ်ရက်ထက်တစ်ရက် ပိုမိုအားကောင်းလာတဲ့ မန္တလေးမြို့က ပြည်သူတွေရဲ့ သပိတ်စစ်ကြောင်းများ

//s9.kh1.co/e0/e050ded90ec1aa60d7c1155983c61b5c0c5ddcad.jpeg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံနဲ့ အရှိန်အဟုန်ကောင်းနေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို မျိုးဆက်သစ်လူငယ်တွေရဲ့ တီထွင်နိုင်မှုတွေကိုလည်း အားလုံးက လေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေ့ဆိုရင် လူထုလှုပ်ရှားမှုကြီးဟာ သုံးလပြည့်ခဲ့ပါပြီ။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ခုချိန်ထိ မြို့တိုင်းမှာ ဖိနှိပ်ဖြိုခွဲခံရမှုတွေရှိနေတာကြောင့် ဆန္ဒထုတ်ဖော်မှုတွေဟာ အရင်ထက်နည်းပါးလာပြီဆိုပေမယ့်လည်း ပြည်သူတွေကတော့ Strike လုပ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားကာ တတ်နိုင်တဲ့ဘက်ကနေ ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။ခုဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတော်တော်များများရဲ့ လမ်းမတွေထက်မှာ ရဲရင့်စွာ ဆန္ဒထုတ်ဖော်နေကြတဲ့ သူရဲကောင်းတွေကို ပြန်လည်တွေ့မြင်လာရပြီဖြစ်တာကြောင့် နွေဦးတော်လှန်ရေးကြီးဟာ ဒုတိယအကြိမ် ပြန်လည် အသက်ဝင်လာခဲ့ပါပြီ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မန္တလေးမှာဆိုရင်လည်းနေ့ရက်တိုင်းလိုလို သပိတ်စစ်ကြောင်းမျိုးစုံထွက်ရှိနေတာကိုလည်းတွေ့မြင်ရပါတယ်။ဆန္ဒထုတ်ဖော်မှုတွေ တစ်ရက်ထက်တစ်ရက် ပိုမိုအားကောင်းလာတဲ့ မန္တလေးမြို့ကြီးက မေလ (၆) ရက်နေ့မှာဆိုရင်လည်း ရပ်ကွက်အသီးသီးက လူမျိုးဘာသာမရွေး ပြည်သူတွေရဲ့ သပိတ်တွေစုပေါင်းကာ အင်အားများစွာနဲ့ ချီတက်လှုပ်ရှားခဲ့ကြတာကိုတွေ့မြင်ရပါတယ်။ပြည်သူတွရဲ့ ဇွဲ သတ္တိတွေကတော့ လေးစားစရာပါပဲနော်။ပရိသတ်ကြီးအတွက် မန္တလေးမြို့ရဲ့ တပ်ပေါင်းစုသပိတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T