ရင်ထဲကဆန္ဒတွေကို အားမာန်အပြည့်ကြွေးကြော်ရင်း ရဲဝင့်စွာချီတက်ခဲ့ကြတဲ့ ဆက်လက်တော်လှန်ပုန်ကန်နေမယ့် ရန်ကုန်သပိတ်

//s9.kh1.co/ae/aee31e8cbdaf55cfe51a2086ce0cebbcc323cc24.jpeg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးကတော့ ဒီနေ့အထိ သေဆုံးသူတွေ ဖမ်းဆီးခံရသူတွေရှိနေဆဲပါ။အရင်လိုပုံမှန်မဖြစ်သေးတဲ့ အခြေအနေတွေမှာ ပြည်သူတွေကလည်း အလုပ်အကိုင်တွေကို လုပ်ရန်မလွယ်ကူတာကြောင့် စီးပွားရေးအဆင်မပြေမှုတွေနဲ့ကြုံတွေနေရပြီး လက်လုပ်လက်စား ပြည်သူတွေဆိုရင်လည်း စားဝတ်နေရေးအခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတာတွေရှိနေပါတယ်။ဒီလို အခက်အခဲမျိုးစုံကို ပြည်သူတွေအချင်းချင်းပဲ ကူညီဖေးမရင်း အားတင်းကာရှေ့ဆက်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ဒါ့အပြင် ပြည်သူတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ ဆန္ဒထုတ်ဖော်မှုတွေကိုလည်း ဒီနေ့ထိ တစ်ရက်လေးမှမနားတမ်း လှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။ခုဆိုရင် ရန်ကုန်အပါအဝင် မန္တလေးစတဲ့မြို့ကြီးတွေရဲ့ လမ်းမထက်မှာ လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းတွေကို ပြန်လည်တွေ့မြင်လာရပြီလည်းဖြစ်ပါတယ်။ရန်ကုန်မှာဆိုရင်လည်း ဧပြီ (၂၈) ထဲကစပြီး လမ်းမတွေထက်မှာ ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေကို တွေ့မြင်နေရတာ ဒီနေ့ထိပါပဲ။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

မေလ (၆) ရက်နေ့မှာဆိုရင်လည်း မြို့နယ်အသီးသီကလူငယ်တွေဟာ  ဆိုင်းဘုတ်များကိုယ်စီကိုင်ဆောင်ကာ ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာ "ဆက်လက်တော်လှန်ပုန်ကန်နေမယ့် ရန်ကုန်သပိတ်" ကိုလှုပ်ရှားခဲ့ကြပါတယ်။ဒီသပိတ်မှာပါဝင်သူတစ်ဦးကလည်း " လမ်းမပေါ်က ဆန္ဒပြပွဲတွေဟာ တော်လှန်ရေးအစပြု ဖြစ်တည်လာဖို့အတွက် အမြုတေတွေပါပဲ။ မြို့ပြတိုက်ပွဲတွေ မပေါ်ပေါက်မချင်း ကျွန်တော်တို့တွေဟာ အာဏာရူးကို လမ်းမထက်ကနေ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေဖို့ လိုအပ်ပါတယ်"လို့ဆိုကာ သူရဲ့ခံစားချက်တွေကိုရေးသားဖော်ပြထားတာကိုတွေ့မြင်ရပါတယ်။ပရိသတ်ကြီးအတွက် ရန်ကုန်က လူငယ်တွေရဲ့ သပိတ်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T