မိုးရေတွေကြားမှာ အအေးဒဏ်ကို မမုဘဲ ပြောက်ကျားသပိတ်ကို လှုပ်ရှားခဲ့ကြတဲ့ မိုးကုတ်က လူငယ်များ

//s9.kh1.co/c1/c1fbdd782a05dccde7af40636f20bab215b557aa.jpeg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာပေမယ့် ပြည်သူလူထုကတော့ လူထုလှုပ်ရှားမှုတွေကို နေ့တိုင်းဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ မြို့နယ်အသီးသီးမှာနေထိုင်နေကြတဲ့ ပြည်သူတွေက လည်း လှုပ်ရှားမှုတိုင်းကို စည်းစည်းလုံးလုံးလုပ်ဆောင်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း ကာကွယ်ပေးကြတာ ဖြစ်ပါတယ်။နိုင်ငံတကာကလည်း ဒီနေ့အထိ မြန်မာ့အရေးကို စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီရက်ပိုင်းမှာတော့နွေဦးတော်လှန်ရေးကြီးဟာ ဒုတိယအကြိမ်ပြန်လည် အသက်ဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ရန်ကုန် မန္တလေး အပြင် အခြား မြို့ကြီးတွေရဲ့ လမ်းမတွေထက်မှာ လူငယ်တွေရဲ့ ပုံသဏ္ဌာန် မျိုးစုံနဲ့ချီတက်နေတဲ့ သပိတ်စစ်ကြောင်းတွေကိုတွေ့မြင်ခဲ့ရပါတယ်။လမ်းပေါ်မထွက်နိုင်သူတွေကလည်း မိမိတို့ပတ်ဝန်းကျင်မှာပဲ လှုပ်ရှားနိုင်မယ့် strike တွေကို အင်တိုက်အားတိုက် ပြုလုပ်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတာပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလို နေ့ရက်တိုင်း ဆန္ဒထုတ်ဖော်နေကြတဲ့ မြို့တွေထဲမှာ မိုးကုတ်မြို့လည်း အပါအဝင်ပါပဲ။မေလ (၅) ရက်နေ့မှာလည်း မိုးရေတွေကြားထဲမှာ ဆိုင်းဘုတ်များကိုင်ဆောင်ရင်း ပြောက်ကျားသပိတ်ကို လူငယ်တွေဦးဆောင်လှုပ်ရှားခဲ့ကြပါတယ်။အရင်ရက်တွေမှာလည်း မိုးသီးသပိတ်စတာတွေကိုလည်းညီညီညွတ်ညွတ် ပြုလုပ်ခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။ပရိသတ်ကြီးအတွက် မိုးကုတ်ကလူငယ်လေးတွေရဲ့ ပြောက်ကျားသပိတ်ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T