အလှူလုပ်ချင်တာကြောင့် သူ့ရဲ့ဖိနပ်လေးကို ရောင်းချလာတဲ့ ဘောလုံးသမားတစ်ဦးနဲ့ အလှူဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ပြည်သူတစ်ဦးရဲ့အကြောင်း

//s9.kh1.co/2d/2dc43fd75f7e33b4b568c2864c8bbd92d55ad971.jpg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အလှူလုပ်ချင်တာကြောင့် သူ့ရဲ့ဖိနပ်လေးကို ရောင်းချလာတဲ့ ဘောလုံးသမားတစ်ဦးနဲ့ အလှူဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ပြည်သူတစ်ဦးရဲ့အကြောင်း

လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံနေတဲ့ Post တစ်ခုကတော့ ပြည်သူတွေကို စိတ်မကောင်းဖြစ်စေခဲ့သလို ကြည်နူးပီတိတွေလည်း ဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဒီ Post ကတော့ မြန်မာနိုင်ငံကိုယ်စားပြု မသန်စွမ်းဘောလုံးအသင်းရဲ့ လက်ရွေးစင် အသင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသက်နိုင်ရဲ့အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ် ။ ကိုသက်နိုင်ရဲ့မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ လေးစားချင်စရာကောင်းတဲ့ အပြုအမူကို ချီးကျူးထားတာလည်း ဖြစ်ပါတယ် ။

Photo Credit-Pho Koont's FB Acc
Photo Credit-Pho Koont's FB Acc

ဘောလုံးသမား ကိုသက်နိုင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ Post တင်ပြီး ဖိနပ်တစ်ရံကို ရောင်းချခဲ့တာပဲ ဖြစ်ပါတယ် ။ ကိုသက်နိုင်က ဒီဖိနပ်ကို သူ့ရဲ့မွေးနေ့မှာ မဲဖောက်ပေးဖို့ စီစဥ်ခဲ့ပေမယ့်လည်း အလှူလုပ်ချင်တာကြောင့် အခုလိုရောင်းချလာရတာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ရောင်းရတဲ့ငွေတွေ အားလုံးကို အကုန်လှူဒါန်းသွားမှာဖြစ်ကြောင်း သူက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Pho Koont's FB Acc
Photo Credit-Pho Koont's FB Acc

ပြည်သူတစ်ဦးကတော့ ကိုသက်နိုင်ရဲ့ဖိနပ်ကို ငွေ (၃) သိန်းကျပ်နဲ့ ဝယ်ယူအားပေးပြီး သူ့ရဲ့အလှူဖြစ်မြောက်အောင် ကူညီလိုက်တာပဲ ဖြစ်ပါတယ် ။ ဝယ်ယူလိုက်တဲ့သူကို ကိုသက်နိုင်က ဖိနပ်ပို့ပေးဖို့ မေးမြန်းတဲ့အခါမှာတော့ အဲ့ဒီလူက "ဘယ်ကိုမှ ပို့ဖို့မလိုပါဘူး ကိုသက်နိုင်အဲ့ဖိနပ်နဲ့ ဆက်ကစားပေးမယ်ဆိုရင် ကျွန်တော်တို့ပျော်ပါတယ်" ဆိုပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ် ။ ရှိတာလေးကိုရောင်းချပြီး အလှူလုပ်ဖို့ စဥ်းစားခဲ့တဲ့ ကိုသက်နိုင်ရဲ့စိတ်ထားက မြင့်မြတ်သလို သူ့ကိုကူညီခဲ့တဲ့ ပြည်သူတစ်ဦးရဲ့စေတနာကလည်း တကယ့်ကို ပီတိဖြစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Pho Koont's FB Acc

Photo Credit-Pho Koont's FB Acc
Photo Credit-Pho Koont's FB Acc
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Pho Koont's FB Acc
Photo Credit-Pho Koont's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T