ခင်ပွန်းသည်ကျဆုံးသွားတာကြောင့် ထမင်းပေါင်းလုပ်ရောင်းပြီး ကလေးတွေကို ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေတဲ့ အမျိုးသမီးတစ်ဦး

//s9.kh1.co/83/83af8356dbeabe6792e6b98ff7cdb72dea972582.jpg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ခင်ပွန်းသည်ကျဆုံးသွားတာကြောင့် ထမင်းပေါင်းလုပ်ရောင်းပြီး ကလေးတွေကို ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေတဲ့ အမျိုးသမီးတစ်ဦး

ဖေဖော်ဝါရီလကစပြီး ယခုမေလအထိ စာရင်းများအရ မြန်မာနိုင်ငံအတွင်းမှာ ကျဆုံးသူ စုစုပေါင်း (၇၀၀) ကျော်တောင်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေအားလုံးကို ပြည်သူတွေကလည်း အမြဲတမ်း လေးစားဦးညွတ်ကြသလို သတိရအောက်မေ့နေကြတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပြည်သူတွေက ကျဆုံးသူတွေရဲ့မိသားစုဝင်တွေကိုပါ ဖေးမကူညီပြီး အလှူငွေတွေ ပေးအပ်လှူဒါန်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုဆိုရင်လည်း ပဲခူးမြို့မှာ ကျဆုံးခဲ့တဲ့သူရဲကောင်းတစ်ယောက်ရဲ့အမျိုးသမီးက တတ်ကျွမ်းထားတဲ့ပညာလေးနဲ့ ဝမ်းရေးအတွက် ရှာဖွေစားသောက်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ သူမရဲ့ခင်ပွန်းသည်ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၉)ရက်နေ့က ပဲခူးမြို့မှာ ကျဆုံးခဲ့တဲ့သူတစ်ဦးပဲ ဖြစ်ပါတယ် ။ ခင်ပွန်းသည်မရှိတော့တာကြောင့် မိသားစုတာဝန်တွေကို တစ်ယောက်တည်း ထမ်းနေရပြီဖြစ်တဲ့ သူမကတော့ ထမင်းပေါင်းလုပ်ပြီး ရောင်းချနေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

"ကလေးတွေအတွက် ဒီကလေးအမေအလုပ်လုပ်မှရမှာမို့ စျေးလေးရောင်းခွင့်ပြုပါ" လို့ဆိုလာတဲ့ သူမကိုတော့ ပြည်သူတွေကလည်း ဝိုင်းဝန်းဖေးမပေးနေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေက သူမရောင်းချနေတဲ့ ထမင်းပေါင်းကို မှာယူအားပေးကြတဲ့အပြင် တစ်ခြားသူတွေပါသိအောင် မျှဝေပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ခင်ပွန်းသည်မရှိတော့တာကြောင့် ကျန်ခဲ့တဲ့ကလေးတွေအတွက် အလုပ်ကြိုစားပြီး ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T