လက်အကြောကပ်ပြီး မျက်စိတစ်ဖက် အတွင်း အရည်ကြည်ဖုလေးများထသည်အထိ အရောင်းပို့စ်များ တင်ပေးခဲ့ကြောင်း ပြောပြလာတဲ့ နွေးနွေးချစ်ဖွယ်

//s9.kh1.co/3c/3cdebdc3977bdef8ba095a8483355b7e0fcc52e7.jpg
အနုပညာရှင်များ

 ၀၆-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ .....ဂီတလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ရပ်တည်အောင်မြင်နေတဲ့ အမျိူးသမီးတေးသံရှင် ကတော့ နွေးနွေးချစ်ဖွယ်ဖြစ်ပါတယ်။သူမက ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက် ဖြစ်ပြီး မကြာခဏဆိုသလို တရားစခန်းတွေကိုလည်း ဝင်ရောက်လေ့ ရှိသူ ဖြစ်ပါတယ်။မိဘနှစ်ပါးကိုလည်း ကျွေးမွေးပြုစုနေတဲ့ သမီး အလိမ္မာလေး ဖြစ်တဲ့အပြင် ကိုယ်တိုင်ရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာများနဲ့ အလှူအတန်းတွေ များစွာကို ပြုလုပ်နေတာ ပဲဖြစ်ပါတယ်။

Photo Credit - Nway Nway Chit Phwel Fb Account
Photo Credit - Nway Nway Chit Phwel Fb Account
Photo Credit - Nway Nway Chit Phwel Fb Account
Photo Credit - Nway Nway Chit Phwel Fb Account

သူမကတော့ ဖေဖော်ဝါရီလ အစတည်းကနေ ယခုအချိန်ထိ ပြည်သူတွေနဲ့အတူ လက်တွဲကာ အမှန်တရားဘက်ကနေ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့တာ ပဲဖြစ်ပါတယ်။အခုလို ပြည်သူတွေ ခက်ခဲနေတဲ့ အချိန်တွင် သူမရဲ့ Facebook အကောင့်မှ တစ်ဆင့် ကုန်ပစ္စည်းတွေကို ၁၀ရက်တိတိ မေ တ္တာဖြင့် အခမဲ့ကြော်ငြာပေးနေတာ ဖြစ်ပါတယ်။မကြာသေးခင် အချိန်ကလည်း နွေးနွေးချစ်ဖွယ်ရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် စျေးရောင်းတဲ့ ပို့စ်တွေ တင်ပေးနေတာ ၅ရက်​ပြည့်ခဲ့ပြီ ဖြစ်ကြောင်းနဲ့ လက်အကြောကပ်ပြီး မျက်စိ တဖက် အတွင်းတွင် အရည်ကြည်ဖုလေးများထသည်အထိ တင်ပေးခဲ့ကြောင်းကို ပြောပြပေးလာတာ ဖြစ်ပါတယ်။

Photo Credit - Nway Nway Chit Phwel Fb Account
Photo Credit - Nway Nway Chit Phwel Fb Account
Photo Credit - Nway Nway Chit Phwel Fb Account
Photo Credit - Nway Nway Chit Phwel Fb Account

"မေတ္တာဖြင့်NNCP Market Town Post များ ၁၀ ရက်တွင် ၅ ရက်ပြည့်ခဲ့ ပြီ post ပေါင်း ၂၀၀ ကျော် တင်ပေးခဲ့ပြီးပါပြီ မေတ္တာဖြင့် အခမဲ့ တင်ရန် ၅ ရက်ကျန်သေးပါတယ် အကျိုးရှိစွာ အသုံးချကြပါ ရောင်းသူ ဝယ်သူ Deli ပို့သောမိသားစုများပါ နွေး၏ နှုတ်၏ဆောင်မမူကြောင့် အစဉ်ပြေကြပါစေ ? လက်အကြောကပ်သည်ထိတင်ပေးခဲ့ပါသည် မျက်စိ တစ်ဖက် အတွင်းတွင် အရည်ကြည်ဖုလေးများထသည်အထိ တင်ပေးခဲ့ပါ၏ စကားသည်မှန်ကန်သောသစ္စာ စကားသာဖြစ်ပါသည် ဤ မှန်ကန်သောသစ္စာစကားကြောင့် တူသောအကျိုးပေး၍ မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေ ?"ဆိုပြီး ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူမရဲ့ မွန်မြတ်တဲ့စိတ်ထားနဲ့ ကူညီပေးနေတာကြောင့် ဆုတောင်းအမြန်ပြည့်ပါစေလို့ ပြောထားကြတာလည်း တွေ့ရပါတယ်။

Photo Credit - Nway Nway Chit Phwel Fb Account
Photo Credit - Nway Nway Chit Phwel Fb Account
Photo Credit - Nway Nway Chit Phwel Fb Account
Photo Credit - Nway Nway Chit Phwel Fb Account

သတင်း အရင်းအမြစ်Nway Nway Chit Phwel FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T