ကလေးငိုသံကြားရင် သေနတ်နဲ့လိုက်ပစ်မှာစိုးလို့ ဘာမီတွန်နေ့တိုင်းတိုက်ပြီး ပုန်းနေရတဲ့ စစ်ဘေးရှောင်ပြည်သူများ

//s9.kh1.co/47/470d50fa6764924fd45dba57ee80340b91b21903.jpeg
နေ့စဉ်သတင်းများ

 ၀၅-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ကလေးငိုသံကြားရင် သေနတ်နဲ့လိုက်ပစ်မှာစိုးလို့ ဘာမီတွန်နေ့တိုင်းတိုက်ပြီး ပုန်းနေရတဲ့ စစ်ဘေးရှောင်ပြည်သူများ

လတ်တလောမှာဆိုရင် ကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ တချို့ပြည်သူတွေဆိုရင် မိမိတို့ရဲ့နေအိမ်ကိုစွန့်ခွါပြီး တောထောင်ထဲမှာပုန်းနေရတာဖြစ်ပါတယ်။မိမိတို့ရဲ့ရွာမှာ စစ်ဘေးနဲ့ရင်ဆိုင်နေရတာကြောင့် အသက်အန္တရာယ်လွတ်မြောက်ဖို့အတွက် လူမမယ်ကလေးလေးတွေကိုပါလက်ဆွဲပြီး တိမ်းရှောင်နေရတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း စစ်ဘေးရှောင်တွေကို ကိုယ်ချင်းစာနာတာကြောင့် မိမိတို့ရဲ့အခက်အခဲကိုဘေးချိတ်ပြီးတတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တောထဲပြေးပုန်းနေရတဲ့ စစ်ဘေးရှောင်တွေခမျာ ကလေးငိုသံကြားရင် သေနတ်နဲ့လိုက်ပစ်မှာစိုးလို့ မိမိတို့ရဲ့ရင်သွေးလေးတွေကို ဘာမီတွန်နေ့တိုင်းတိုက်ပြီး သုံးလလောက် ပုန်းလိုက်၊ပြေးလိုက် လုပ်နေရတာဖြစ်ပါတယ်။ကလေးငယ်တွေက နောက်ပိုင်းမှာ ဆေးအရှိန်ကြောင့် ဖျော့တော့သေးငယ်ပြီး မလှုပ်မယှက်ဖြစ်နေရရှာတာဖြစ်ပါတယ်။ပြေးနေရင်းလည်း မလွတ်မြောက်နိုင်တော့တွေ့ရာလျှိုထဲဝင်ပုန်းပြီး အသံကြားရင်မိမှာစိုးလို့ သုံးလသားသမီး​လေးရဲ့ပါးစပ်နဲ့နှာခေါင်းကို အဝတ်နဲ့ဖိထားမိတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကလေးငယ်လေးခမျာ ပါးစပ်နဲ့နှာခေါင်းကို အဝတ်နဲ့ဖိထားတဲ့ဒဏ်ကြောင့် အသက်ရှုမဝတော့ဘဲ သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေကို ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်က မိခင်နှစ်ဦးကရင်ဖွင့်ပြောပြထားတာဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေခမျာ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲမျိုးစုံကို စိတ်ဓာတ်ကြံကြံခိုင်ခိုင်နဲ့ ဖြေရှင်းနေကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကို ကူညီချင်တယ်ဆိုရင်လည်း Angels Foundation Page မှာ မေးမြန်းပြီးလှူဒါန်းလို့ရကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Angels Foundation Page
Photo Credit:Angels Foundation Page

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T