မွေးရာပါလမ်းမလျှောက်နိုင်တဲ့ ကလေးငယ်လေးခြေတုတပ်ဖို့အတွက် ကူညီလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/89/89007cc92c65ee5e797de9844bcff3e23b0faec8.jpeg
အနုပညာရှင်များ

 ၀၅-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရဟိတမင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေကတော့ လိုအပ်နေတဲ့ ပြည်သူတွေအတွက် အမြဲကူညီလှူဒါန်းနေသူပဲ ဖြစ်ပါတယ်..။

အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ပရဟိတအလုပ်တွေမှာလည်း ကိုယ်တိုင်ကိုယ်ကျအားကြိုးမာန်တက် ဖေးမကူညီတတ်တာတွေကြောင့် အားလုံးက သဘောကျလေးစားနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

ခိုင်နှင်းဝေက ဒီကနေ့မှာလည်း မွေးရာပါလမ်းမလျှောက်နိုင်ဘဲ ခြေတုတပ်ဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်လေးအတွက် ခြေတုအလှူလေး ပြုလုပ်ကာ အလှူငွေတွေ လှူဒါန်းကုသိုလ်ယူခဲ့တာလည်း တွေ့ရပါတယ်..။

ခြေတုအဟောင်းနဲ့ မ​တော်တော့ဘဲ အခက်အခဲဖြစ်နေတဲ့အကြောင်း သူမဆီပုံလေးပို့ကာ အပူအညီတောင်းခံတာကြောင့် ခြေတုဈေးနှုန်းအမျိုးမျိုးရှိတဲ့အထဲက အဆင်ပြေမယ့်(၃)သိန်းတန်ကို လှူဒါန်းကုသိုလ်ယူခဲ့တဲ့အကြောင်းတွေကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

"၁၅ ယောက်မြောက် ခြေတု အလှူလေးပါရှင်.. မွေးရာပါ ကြောင့် လမ်းမလျှောက်နိုင်တဲ့ သားလေး အဟောင်းနဲ့ မတော်တော့ပဲ ခြေတု အခက်အခဲ ဖြစ်နေကြောင်း ပုံလေး ပို့ပြီး အကူအညီတောင်းခံလာတဲ့ အတွက် ခြေတု အလှူလေး ပြုလုပ်ခဲ့ပါတယ်.. ၇ သိန်း ထိ စျေး အမျိုးမျိုး ရှိသော်လည်း ကလေးနှင့် အဆင်ပြေသည့် (၃) သိန်းတန် သာ လှူဖြစ်ခဲ့ပါတယ်.... ခြေတု အသစ်လေးကို တတ်နိုင်သလောက် လှူဒါန်းခွင့်ရတဲ့ အတွက် ပီတိကုသိုလ်လေးအား ဝေမျှ သာဓု ခေါ်နိုင်ကြပါစေရှင်..???.." ဆိုပြီး အလှူအကြောင်းကို ပြောပြထားတာပါ..။

နေ့တိုင်းလိုလို ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ခိုင်နှင်းဝေရဲ့ အလှူပုံရိပ်တွေကတော့ မြင်သူပရိသတ်တွေတိုင်းကို သာဓုခေါ်စေတာမို့ အားလုံးက သဘောကျနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T