လိုင်းမိတုန်းလေးမှာ သူမဘဝရဲ့အမှတ်တရပုံလေးတစ်ပုံကို ပရိသတ်တွေအား ဝေမျှပေးလာတဲ့ ဝါဆိုမိုးဦး

//s9.kh1.co/9c/9cddab2cc501949d8c3943fcfa4c0f78197e0bc9.jpeg
အနုပညာရှင်များ

 ၀၅-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့  သရုပ်ဆောင်  ဝါဆိုမိုးဦးပဲ  ဖြစ်ပါတယ်။ သူမကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ပူးပေါင်းခဲ့သူ  ဖြစ်ပါတယ်။  နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်သကဲ့သို့ ည ၈ နာရီတိုင်း မှာလည်း မပျက်မကွက် သံဗုံးတီးခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အခုလို ပါဝင်ခဲ့တဲ့အတွက် ဝါဆိုမိုးဦးတစ်ယောက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

Photo Crd-Warso Moe Oo’s Facebook Account 
Photo Crd-Warso Moe Oo’s Facebook Account 
Photo Crd-Warso Moe Oo’s Facebook Account 
Photo Crd-Warso Moe Oo’s Facebook Account 

ဝါဆိုကတော့  အခြေအနေအရပ်ရပ်များကြောင့် ခေတ္တခဏ တိမ်းရှောင်နေကြရတာ  ဖြစ်ပါတယ်။ ပရိသတ်များကလည်း  သူမရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတာ  ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သူမရဲ့ Facebook Story မှာ ပရိသတ်တွေစိတ်မပူစေဖို့ ပုံလေးတွေ တင်ပေးတတ်ပါသေးတယ်။ မကြာသေးခင် နာရီပိုင်းလောက်က  ဝါဆိုမိုးဦးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လိုင်းမိတုန်းလေးမှာ သူမဘဝရဲ့အမှတ်တရပုံလေးတစ်ပုံကို ပရိသတ်တွေအား ဝေမျှပေးလာတာ ဖြစ်ပါတယ်။

Photo Crd-Warso Moe Oo’s Facebook Account 
Photo Crd-Warso Moe Oo’s Facebook Account 
Photo Crd-Warso Moe Oo’s Facebook Account 
Photo Crd-Warso Moe Oo’s Facebook Account 

သူမကလည်း " အားလုံးနေကောင်းကြရဲ့လား

သတိရတယ်နော်

လိုင်းအခုမှရလို့ ဒီလိုအချိန်မှာ ဘဝရဲ့အမှတ်တရပုံလေး တင်ခွင့်ပြုပါ❤️ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ဝါဆိုကတော့ စိမ်းစိုသာယာတဲ့ ခြံလေးထဲမှာ အပင်လေးတွေကို ပြုစုရင်း သူမရဲ့ အချိန်တွေကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေးထားကြပါသေးတယ်နော်။

Source and Photo Crd-Warso Moe Oo’s Facebook Account 

Photo Crd-Warso Moe Oo’s Facebook Account 
Photo Crd-Warso Moe Oo’s Facebook Account 
Photo Crd-Warso Moe Oo’s Facebook Account 
Photo Crd-Warso Moe Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T