ကိုယ်လက်အင်္ဂါတွေဆုံးရှုံးထားရတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ သူရဲကောင်းလေးကိုလျှံဖြိုးအောင်အတွက် စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ

//s9.kh1.co/4f/4f8476fac38446947372ef1c5800e208b49a1a9e.jpeg
နေ့စဉ်သတင်းများ

 ၀၅-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ်လက်အင်္ဂါတွေဆုံးရှုံးထားရတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ သူရဲကောင်းလေးကိုလျှံဖြိုးအောင်အတွက် စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကတော့ တစ်လပြီးတစ်လကုန်ဆုံးသွားပေမယ့် ပြည်သူတွေရဲ့ ဇွဲ၊လုံ့လ၊ဝီရိယတို့ကို ယနေ့အချိန်ထိ တွေ့မြင်နေရဆဲဖြစ်ပါတယ်။ဒီနေ့အချိန်ထိဆိုရင် လူထုလှုပ်ရှားမှူမှာပါဝင်ရင်း အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း အယောက်(၈၀၀)ကျော်နေပြီဖြစ်သလို ဖမ်းဆီးခံရတဲ့ပြည်သူတွေလည်း မရေမတွက်နိုင်အောင်ရှိနေပြီဖြစ်ပါတယ်။တချို့မိဘတွေခမျာ မိမိတို့ရဲ့သားသမီးလေးတွေ ဖမ်းဆီးခံရလို့ နေ့ညမရွေး စိုရိမ်ပူပန်နေရတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

(၂၇.၃.၂၀၂၁)ရက်နေ့ကဆိုရင်လည်း မကွေးမြို့မှာပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း အင်အားသုံးဖြိုခွင်းမှုတွေကြောင့် ကိုလျှံဖြိုးအောင်ခမျာ ဒဏ်ရာတွေလည်းရရှိခဲ့ပြီး ဖမ်းဆီးခံသွားရတာဖြစ်ပါတယ်။မေလ(၆)ရက်နေ့မှာတော့ ကိုလျှံဖြိုးအောင်ရဲ့ ရုံးချိန်းနေ့ဖြစ်ပြီး ပြည်သူလူထုကလည်း သူ့အတွက် Speak Out များများလုပ်ပေးနေကြတာဖြစ်ပါတယ်။ကိုလျှံဖြိုးအောင်ကတော့ သူ့ရဲ့လက်တစ်ဖက်ဖြတ်ပစ်ခဲ့ရရုံမကဘဲ မျက်လုံးတစ်ဖက်ကိုပါဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုလျှံဖြိုးအောင်ရဲ့ လက်ရှိအခြေအနေကတော့ မျက်လုံးတစ်ဖက်ဆုံးရှုံးထားပြီး ညာဘက်လက်ဖြတ်ထားရတဲ့အပြင် ဘယ်ဘက်လက်ကလည်းကျိုးပြီး ရာဘာကျည်သုံးချက်ထိထားတာဖြစ်ပါတယ်။ဒါ့အပြင် သူ့ရဲ့ခြေထောက်နှစ်ဖက်ကိုလည်း ရာဘာကျည်တွေအများအပြားထိထားတာကြောင့်လောလောဆယ်အနာမကျက်သေးတာဖြစ်ပါတယ်။ပြည်သူတွေကလည်း ကိုယ်လက်အင်္ဂါတွေပါဆုံးရှုံးထားရတဲ့ လူငယ်လေးကိုလျှံဖြိုးအောင်အတွက် စိတ်မကောင်းဖြစ်ရပြီး ဝိုင်းဝန်းဆုတောင်းပေးနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T