ရေပြောင်းမြေပြောင်းမှာ အသားရည်ရော လူရောစုတ်ပြတ်သတ်ပြီး စိတ်ဓာတ်မပြိုလဲအောင်တော့ ကြိုးစားနေတယ် ဆိုတဲ့ ခင်သဇင်

//s9.kh1.co/2b/2b9a82a92f177462b19798263c2e764ae3b7a57c.jpg
အနုပညာရှင်များ

 ၀၅-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ခင်သဇင်ကတော့ အနုပညာလောကတွင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး ဇာတ်လမ်းတွဲတွေ များစွာကိုလည်း ရိုက်ကူးထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလ ကစတင်ပြီး နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း ခင်သဇင်က ပြည်သူတွေဘက်ကနေ ရပ်တည်ပေးနေတာ ဖြစ်ပြီး အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် နိုင်သလောက် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Photo Credit -Khin Thazin FB Account
Photo Credit -Khin Thazin FB Account
Photo Credit -Khin Thazin FB Account
Photo Credit -Khin Thazin FB Account

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ နိုင်ငံ့သူရဲကောင်းတွေ အတွက်လည်း ဝမ်းနည်းကြေကွဲကာ ဆုတောင်းမေတ္တာပို့သပေးနေတာလည်း ဖြစ်ပါတယ်။မကြာသေးခင်အချိန်ကတော့ သူမရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင် လမ်းခရီးမှာ အစစ်ဆေးများတာ ဖြစ်လို့ ပို့စ်အဟောင်းတွေ ဖျက်ပစ်ရ၊Profile တွေ ဖျက်ရကြောင်းနဲ့ ရေပြောင်း မြေပြောင်းမှာ အသားရည်ရော လူရော စုတ်ပြတ်သတ် စိတ်ဆင်းရဲလေ အနာတွေက မပျောက်လေ စိတ်ဓာတ်ကတော့ မပြိုလဲ မစုတ်ပြတ်သတ်ရအောင် ဘုရားနေ့တိုင်းရှိခိုးနေပါတယ်ဆိုတာကို အခုလိုရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။

Photo Credit -Khin Thazin FB Account
Photo Credit -Khin Thazin FB Account
Photo Credit -Khin Thazin FB Account
Photo Credit -Khin Thazin FB Account

"အင်တာနက် လိုင်းရယ် အကောင့်ရယ် မရတာ အတော်ကြာ Gmail မှားဖွင့်နေတာ ကိုယ့်ကိုကိုယ် မသိရှာ လမ်းခရီးမှာ အစစ်ဆေးများလို့ ပို့စ်အဟောင်းတွေ ဖျက်ပစ်ရ၊Profile တွေ ဖျက်ရ ဝင်ငွေ မရှိတဲ့ ကာလပေမယ့် အတော်အလုပ်များစေတဲ့ ကာလ ပါ ရေပြောင်း မြေပြောင်းမှာ အသားရည် ရော လူရော စုတ်ပြတ်သတ် စိတ်ဆင်းရဲလေ အနာတွေက မပျောက်လေ စိတ်ဓာတ်ကတော့ မပြိုလဲ မစုတ်ပြတ်သတ်ရအောင် ဘုရားနေ့တိုင်းရှိခိုးပါတယ်..တရားကြိုးစားပြီး ထိုင်ပါတယ် ??အော်.. တချို့က ပြန်တောင်ပျော်နေကြပြီနော် မုဒိတာပွါးပေးပါတယ်လေ..ပြည်သူစိတ်ချမ်းသာရင် ကိုယ်စိတ်ချမ်းသာပါတယ် အမြဲပျော်ရွှင်နေကြတာပဲ မြင်ချင်နေမိပါတယ် ပြည်သူတွေ ကျန်းမာ ချမ်းသာကြပါစေ..လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ ??"ဆိုပြီး မျှဝေပေး လာတာပဲ ဖြစ်ပါတယ်။သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း အမြန်ဆုံးသက်သာပျောက်ကင်းအောင် ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်။

Photo Credit -Khin Thazin FB Account
Photo Credit -Khin Thazin FB Account
Photo Credit -Khin Thazin FB Account
Photo Credit -Khin Thazin FB Account

သတင်း အရင်းအမြစ်Khin Thazin FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T