လမ်းမအလယ်မှာ သံပုရာသီးတွေမှောက်ကျသွားတဲ့ ဦးလေးကြီးကို တက်ညီလက်ညီနဲ့ဝိုင်းကူကောက်ပေးနေကြတဲ့ ပြည်သူများ

//s9.kh1.co/a4/a47e6f2622e297de3c9d1bacc374516f94937c87.jpeg
နေ့စဉ်သတင်းများ

 ၀၅-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

လမ်းမအလယ်မှာ သံပုရာသီးတွေမှောက်ကျသွားတဲ့ ဦးလေးကြီးကို တက်ညီလက်ညီနဲ့ဝိုင်းကူကောက်ပေးနေကြတဲ့ ပြည်သူများ

COVID-19 (first wave)ကတည်းက ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်လာကြတဲ့ပြည်သူလူထုကတော့ အခုချိန်ထိလည်း စားဝတ်နေရေးခက်ခဲမှုကို ကြိုးစားဖြေရှင်းနေကြရတာဖြစ်ပါတယ်။တချို့ပြည်သူတွေက လမ်းပေါ်ထွက်ပြီး စျေးရောင်းချကာ သမာအာဇီဝကျစွာလုပ်ကိုင်စားသောက်ကြတာဖြစ်ပါတယ်။ပြည်သူတွေကလည်း လမ်းမပေါ်မှာ မိုးရွာရွာ၊နေပူပူ အလုပ်ကြိုးစားနေကြတဲ့သူတွေကို တွေ့မြင်တဲ့အခါ ကိုယ်ချင်းစာစိတ်အပြည့် နဲ့ကူညီဖေးမပေးခဲ့တာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

တချို့ပြည်သူတွေဆိုရင် မိမိကိုယ်တိုင်ခက်ခဲကြပ်တည်းနေပေမယ့်လည်း တခြားသူအပေါ်မှာ စေတနာထားပေးတတ်ကြသေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း သံပုရာသီးသည်ဦးလေးကြီးစက်ဘီးမှောက်သွားလို့ ပြည်သူတွေက ဝိုင်းကူကောက်ပေးနေတာဖြစ်ပါတယ်။လမ်းမအလယ်မှာ သံပုရာသီးတွေပြန့်ကျဲသွားတာကြောင့် သွားလာနေတဲ့ကားတွေကလည်း ဟွန်းမတီးဘဲရပ်ပေးထားကြတာဖြစ်ပါတယ်။အခုလိုမျိုး တစ်ယောက်ရဲ့အခက်အခဲကို ပြည်သူတွေအကုန်လုံးကစုပေါင်းပြီးဖြေရှင်းပေးနေကြတာဖြစ်လို့ ပီတိဖြစ်စရာကောင်းလှပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလိုကာလမျိုးမှာ ပြည်သူတွေအချင်းချင်းက အရမ်းစည်းလုံးညီညွှတ်ကြပြီး ကြုံတွေ့လာရသမျှအခက်အခဲတွေကို အတူတူရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါတယ်။မိမိရဲ့မျက်စိရှေ့မှာ ဒုက္ခရောက်နေတဲ့သူတိုင်းကိုလည်း စေတနာရှေ့ထားပြီး ဝိုင်းဝန်းကူညီပေးကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း လမ်းမအလယ်မှာသံပုရာသီးတွေမှောက်သွားလို့ တစ်ယောက်တည်းကောက်နေရတဲ့ဦးလေးကြီးကို ပြည်သူတွေအကုန်လုံးက တက်ညီလက်ညီနဲ့ကူညီပေးကြတဲ့မြင်ကွင်းပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T