မငြိမ်းချမ်းတဲ့အခြေအနေတွေမှာ ငြိမ်းချမ်းရာကိုရှာဖွေဖို့ သာသနာ့ဘောင် ဝင်ရောက်နေခဲ့တဲ့ အဆိုတော်ဖြိုးလေး

//s9.kh1.co/84/84fa476705cd0211cfd57d97635ac4c670ca7fbf.png
အနုပညာရှင်များ

 ၀၅-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

နွေဦးတော်လှန်ရေးရဲ့အစပိုင်းမှာ ချစ်သူဝါဆိုမိုးဦးနဲ့အတူ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အင်တာနက်အခက်အခဲတွေကြောင့် ပရိသတ်တွေနဲ့အလှမ်းဝေးသွားတဲ့ အဆိုတော်ဖြိုးလေးဟာ သာသနာ့ဘောင်ကိုဝင်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း လက်ရှိ Wifi ရတဲ့နေရာရောက်မှာပဲ အားလုံးသာဓုခေါ်နိုင်အောင် ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ သီချင်းကောင်းတွေလည်းဖန်တီးနိုင်သလို လုပ်ရပ်ကောင်းတွေလည်း လုပ်ဆောင်တတ်တာမို့ ပရိသတ်တွေက သာဓုတွေခေါ်ဆိုခဲ့ကြပါတယ်။

Photo Credit - Phyo Lay's FB Acc
Photo Credit - Phyo Lay's FB Acc

အခုလိုမငြိမ်းချမ်းတဲ့ကာလမှာ လူတိုင်းနီးပါးရဲ့စိတ်တွေဟာ ထိုင်းမှိုင်းပြီး ပျော်ရွှင်မှုပျောက်ဆုံး သလိုဖြစ်နေခဲ့တာပါ။ ဒီလိုအချိန်မှာ တရားဓမ္မနဲ့မွေ့လျော်ပြီးနေတာက အသင့်တော်ဆုံးပါပဲ။ ဖြိုးလေးကတော့ သာသနာ့ဘောင်ကို ခေတ္တခဏဝင်ရောက်ခဲ့ပြီး စိတ်ရဲ့ငြိမ်းချမ်းရာကို ရှာဖွေနေခဲ့ပါတယ်။ ဘုရားရိပ်တရားရိပ်ရောက်နေတာလည်းဖြစ်သလို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရမို့ လူမှုကွန်ယက်ပေါ်မှာ အရင်လိုမရှိနိုင်ခဲ့ပါဘူး။

Photo Credit - Phyo Lay's FB Acc
Photo Credit - Phyo Lay's FB Acc
Photo Credit - Phyo Lay's FB Acc
Photo Credit - Phyo Lay's FB Acc

ဒီနေ့မှာတော့ သာသနာ့ဘောင်ဝင်ရောက်နေတဲ့ အမှတ်တရပုံရိပ်တွေကို " ပျောက်နေတယ် ဆိုလို့  WiFi ရှိတဲ့နေရာရောက် တုန်းလေး " ဆိုပြီး ဦးဇင်းက ဝေမျှခဲ့ပါတယ်။ ချမ်းအေးတဲ့မြို့လေးမှာ အေးချမ်းတဲ့ တရားဓမ္မတွေကိုရှာဖွေပြီး အပူသောကတွေကို တရားတွေနဲ့ဖယ်ရှားဖို့ သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ ဦးဇင်းရဲ့ပုံရိပ်တွေမှာ ပကတိအကြည်ဓာတ်ကို မြင်နေရပါတယ်။ အားပေးတဲ့ပရိသတ်တွေကလည်း ကောင်းမွန်တဲ့လုပ်ရပ်အတွက် သာဓုအကြိမ်ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။

Photo Credit - Phyo Lay's FB Acc
Photo Credit - Phyo Lay's FB Acc

သတင်း အရင်းအမြစ်Phyo Lay's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T