ကျဆုံးသွားတဲ့ သီပေါမြို့ကသူရဲကောင်းအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ပေးပြီး အလေးပြုခဲ့ကြတဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/af/afe082aff0f44b492b5d4c71b725280138fed232.jpg
နေ့စဉ်သတင်းများ

 ၀၅-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့ သီပေါမြို့ကသူရဲကောင်းအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ပေးပြီး အလေးပြုခဲ့ကြတဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တဲ့ မေလ (၂) ရက်နေ့မှာတော့ ပြည်သူတွေ အများအပြား လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ သီပေါမြို့မှာရှိတဲ့ ပြည်သူတွေကလည်း သူတို့ရဲ့စည်းလုံးညီညွတ်မှုကို ပြသပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အဲ့ဒီနေ့မှာပဲ သီပေါသပိတ်ဖြိုခွင်းခံခဲ့ရတာကြောင့် ပြည်သူတစ်ဦး အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc

ကျဆုံးခဲ့တဲ့သူရဲကောင်း ကိုဖိုးလုံးက ဦးခေါင်းကို ကျည်ထိမှန်တဲ့ဒဏ်ရာနဲ့ပဲ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် သီပေါမြို့မှာရှိတဲ့ ပြည်သူတွေက မေလ (၄)ရက်နေ့မှာ ကိုဖိုးလုံးအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပပြုလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီအခမ်းအနားကိုတော့ ကိုဖိုးလုံး ကျဆုံးခဲ့တဲ့နေရာနဲ့ သူ့ရဲ့နေအိမ်တို့မှာ ပြုလုပ်ခဲ့ပြီး ပြည်သူတွေ အများအပြား တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc

သူတို့ကတော့ သူရဲကောင်း ကိုဖိုးလုံး (ခ)ဘိုင်ဘိုင်းကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ဦးညွတ်အလေးပြုခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သီ​ပေါမြို့ရှိ လူငယ်တွေက အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ဒီအခမ်းအနားမှာပဲ ကတိသစ္စာပြုခဲ့ကြတာ ဖြစ်ပါတယ် ။ သီပေါမြို့မှာ ကျဆုံးခဲ့တဲ့ကိုဖိုးလုံးရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေနဲ့ အတူ ဗီဒီယိုဖိုင်ကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Wai Yan Chan Myae's FB Acc

Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc
Photo Credit-Wai Yan Chan Myae's FB Acc

Video Credit-Wai Yan Chan Myae's FB Acc

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T