လူငယ်တွေကတော့ လူထုလှုပ်ရှားမှုပွဲတွေမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး ပြည်သူတွေကို ကာကွယ်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်ကိုတောင်စွန့်ပြီး အရှေ့ထွက်ခဲ့ကြတဲ့ လူငယ်တွေက အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံနဲ့လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ် ။ တစ်ချို့ဆိုရင် ပြည်သူတွေကိုကာကွယ်ရင်းနဲ့ပဲ အသက်ပေးခဲ့ရသလို တစ်ချို့ကလည်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ် ။
ဒါကြောင့်လည်း လူငယ်တွေထဲက တစ်ချို့ကတော့ ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်းနေရတာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြတဲ့ လူငယ်တစ်စုရဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ် ။ စာထဲမှာတော့ အဲ့ဒီလူငယ်တွေက အနေအစား ကြပ်တည်းနေတာကြောင့် အကူအညီတွေလိုအပ်နေကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ် ။
အဲ့ဒီလူငယ်တွေခမျာ ထမင်းနဲ့ခေါက်ဆွဲပြုတ်ကိုသာ စားနေရတဲ့အပြင် ရေသောက်ဖို့အတွက် ဂျိုးဖြူရေကိုသာ ကျိုချက်ပြီးသောက်နေရတယ်လို့လည်း ပြောထားပါသေးတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သူတို့အတွက် သဒ္ဓါတရားနည်းများမဆို ကူညီလှူဒါန်းပေးဖို့အတွက် သူကတောင်းဆိုထားတာပဲ ဖြစ်ပါတယ် ။ အဆင်ပြေသလိုစားသောက်ရင်းနဲ့ပဲ ကြိုးစားနေထိုင်နေရတဲ့ လူငယ်တွေရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit-Original Uploader