ကိုယ်တိုင်ခက်ခဲနေတဲ့ကြားက လမ်းပေါ်ကကြောင်လေးတွေကို မေတ္တာထားပြီး နေ့တိုင်းထမင်းကျွေးတဲ့ Food Delivery Rider တစ်ဦး

//s9.kh1.co/b2/b2e18cf40ba43b9e17ad5b0a7b8d98e3f18b2fb7.png
နေ့စဉ်သတင်းများ

 ၀၅-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

တစ်ချို့လူတွေဟာ ငွေကြေးမချမ်းသာပေမယ့် မေတ္တာတရားတော့ကြွယ်ဝကြပါတယ်။ နည်းနည်းရှိတဲ့လူဟာ များများပိုစွန့်လွှတ်နိုင်တယ်ဆိုတဲ့စကားကို Food Delivery Rider တစ်ဦးက သက်သေပြခဲ့ပါတယ်။ ဒီလိုကာလမျိုးမှာ ကိုယ်တိုင်တောင်စားဖို့အနိုင်နိုင် ရှာနေရပေမယ့် လမ်းပေါ်ကကြောင်လေးတွေကို စာနာတဲ့စိတ်နဲ့ သူထမင်းစားတိုင်း အမြဲတမ်းခေါ်ကျွေးတတ်တဲ့ စိတ်ထားဖြူစင်သူ Rider လေးကို မြင်တဲ့သူတွေက လေးစားတဲ့စိတ်နဲ့ မှတ်တမ်းဓာတ်ပုံတွေရိုက်ပြီး လူမှုကွန်ယက်ပေါ် တင်ပေးခဲ့ကြပါတယ်။ ကြောင်လေးတွေကို နေ့တိုင်းထမင်းကျွေးတာဖြစ်ပြီး ကိုယ်တိုင်စားတဲ့အထဲက ဖဲ့ပြီးကျွေးတဲ့ စိတ်ထားလေးကတော့ တကယ်ကိုကြည်နူးစရာပါ။

Photo Credit - Isabella's FB Acc
Photo Credit - Isabella's FB Acc

ဒီပုံလေးတွေကိုမြင်တဲ့သူတိုင်းက Rider လေးရဲ့ စိတ်ထားနဲ့စေတနာကို သဘောကျကြပြီး အစားအသောက်တွေမှာယူကြဖို့ကြိုးစားခဲ့ကြပါတယ်။ မနက်ပိုင်း (၉) နာရီလောက်ဆို အမြဲလာတတ်ပြီး နေကွယ်တဲ့သစ်ပင်အရိပ်လေးမှာ ထမင်းလာစားသလို စားတိုင်းလည်း ကြောင်လေးတွေကို ခွဲဝေကျွေးတတ်ပါတယ်။ တိရိစ္ဆာန်ချစ်တတ်သူတွေဟာ စိတ်ထားနူးညံ့သူတွေဖြစ်ပြီး စာနာစိတ်အပြည့်ရှိသူတွေပါ။ ဒီပုံလေးကိုမှတ်တမ်းတင်တဲ့သူဟာ " ကြင်နာတတ်လိုက်တာဗျာ " ဆိုပြီး Rider လေးကို လေးစားတဲ့စိတ်နဲ့ တင်ထားတာပဲဖြစ်ပါတယ်။

Photo Credit - Isabella's FB Acc
Photo Credit - Isabella's FB Acc

Rider လေးရဲ့လုပ်ရပ်ကို သဘောကျတဲ့မှတ်ချက်တွေအများအပြားပေးကြပြီး လိုအပ်တဲ့အကူအညီရှိရင် လည်း ကူညီကြဖို့ စီစဉ်နေကြပါတယ်။ ဘာမှမမျှော်လင့်ဘဲ ပေးလိုက်တဲ့ စေတနာတိုင်းဟာ အကျိုးပေး မြန်တတ်ပါတယ်။ ကြောင်လေးတွေကိုကြင်နာပြီး စေတနာထားတဲ့ Rider လေးကို တန်ပြန်စေတနာထား ပြီး ကူညီပေးကြမယ့်သူတွေလည်း ရှိလာခဲ့ပါပြီ။ ဗားကရာမီးပွိုင့်ထိပ် Newday ဆီဆိုင်ရှေ့ ကျောင်းနားက သစ်ပင်အကွယ်မှာ ကြောင်လေးတွေကို အမြဲအစာကျွေးတဲ့ Rider လေးကိုတွေ့ရင် အစားအသောက်တွေ မှာယူပေးကြဖို့ ပြောပြပေးလိုက်ပါတယ်။

Photo Credit - Isabella's FB Acc
Photo Credit - Isabella's FB Acc

သတင်း အရင်းအမြစ်Isabella's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T