ရုပ်ရှင်ဇာတ်လမ်းဆန်တဲ့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပရိသတ်တွေအား ရေးသားပြောပြလာတဲ့ စည်သူမောင်

//s9.kh1.co/5f/5f199d186aea81522b2a327c44f9fe0b163ca582.jpeg
အနုပညာရှင်များ

 ၀၅-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဆယ်စုနှစ်တိုင်အောင်  အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့သရုပ်ဆောင် စည်သူမောင်ပဲ  ဖြစ်ပါတယ်။ သူကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ကျရာနေရာကနေ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သူ  ဖြစ်ပါတယ်။ ရရှိတဲ့ ချွေးနည်းစာများဖြင့်လည်း  မိဘနှစ်ပါးလုံးကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးဖြစ်တာကြောင့်  ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 

စည်သူမောင်ဟာ အနုပညာလှုပ်ရှားမှုတွေအပြင် အခြားစီးပွားရေးလုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း  အမြဲဝေမျှပေးနေပြီး  မကြာသေးခင် နာရီပိုင်းလောက်ကစည်သူမောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရုပ်ရှင်ဇာတ်လမ်းဆန်တဲ့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပရိသတ်တွေအား ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ 

Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 

သူကလည်း " ကျွန်တော်ဘဝက ရုပ်ရှင်ဇာတ်လမ်းသိပ်ဆန်တယ်..

အရာရာ အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျပေါင်းများစွာနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ပါ..

ချစ်ခြင်း မုန်းခြင်းတွေ ပျော်ရွှင်ခြင်း နာကျင်ခြင်းများစွာနဲ့..

အကောင်းဆုံး အဆိုးဆုံးတွေ..

ကြုံတွေ့လာသမျှ အကောင်းဆုံးရင်ဆိုင်ပြီး

ဘဝဇာတ်ဆရာ အလိုကျဆိုပေမယ့်..

ကိုယ်ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ရမှာ ကျွန်တော်တာဝန်ပဲလေ..

ကျွန်တော်လည်း ကောင်းမွန်တဲ့ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်မှာ အများနည်းတူပျော်ရွှင်ချင်တာပေါ့..

အဲ့ဒါကြောင့် ကျွန်တော်အကောင်းဆုံး ကြိုးစားနေထိုင်သွားပါ့မယ်..

ခပ်ညံ့ညံ့သရုပ်ဆောင်တစ်ယောက်မဖြစ်ချင်ဖူး..

ကျွန်တော်ဘဝဇာတ်လမ်းမှာတော့ ..

ကျွန်တော်က “မင်းသား” ပဲလေ ?? " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။  ပရိသတ်များကလည်း စိတ်ဓာတ်မကျစေဖို့ အားပေးစကားတွေ မှတ်ချက်ပေး ရေးသားထားကြတာ ဖြစ်ပါတယ်။  မိဘအပေါ် သိတတ်လိမ္မာတဲ့ စည်သူမောင်တစ်ယောက်  ကံကောင်းခြင်းတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Source and Photo Crd-Sithu Maung’s Facebook Account 

Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T