မြန်မာ့အရေးကို တက်တက်ကြွကြွ Speak Out လုပ်ပေးတဲ့ ဟန်နာယူရီဟာ လက်ရှိမှာတော့ ကိုရီးယားနိုင်ငံကိုရောက်ရှိနေပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး သတင်းအမှန်တွေကို အင်တာဗျူးဖြေပေးကာ ကမ္ဘာကိုအသိပေးနေခဲ့ပါတယ်။ ကိုရီးယားနိုင်ငံကို စစရောက်ခြင်းမှာ ဆက်သွယ်ရမယ့်ကိုရီးယားဖုန်းကဒ်နဲ့ ကိုရီးယားငွေလည်းမရှိတဲ့အပြင် အခန်းထဲမှာသောက်ဖို့ ရေတောင်မရှိခဲ့ပါဘူး။ သို့ပေမယ့်လည်း ကိုရီးယားအေဂျင်စီတစ်ခုက သူမဆီကို အစားအသောက်တွေပို့ပေးပြီး နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့ပါတယ်။ သူများနိုင်ငံမှာနေရပေမယ့် အခုလိုကူညီပေးတာတွေကြောင့် ယိင်းလည်း အရမ်းကိုပျော်နေခဲ့ပါတယ်။
မြန်မာ့အရေးအတွက်အင်တာဗျူးဖြေဖို့သွားတဲ့လမ်းမှာလည်း လောလောဆယ် အလုပ်မရှိသေး တာကြောင့် ချွေတာပြီး Bus ပဲစီးသွားသလို ဖြေရမယ့်နေရာကိုလည်း (၄၅) မိနစ်လောက် လမ်းလျှောက်ရတာကြောင့် ခြေထောက်တွေတောင်နာခဲ့ရတဲ့အထိပါပဲ။ သို့ပေမယ့်လည်း သူမ ပြောချင်ခဲ့တဲ့ မြန်မာ့အရေးကို အကုန်လုံးပြောလိုက်နိုင်တာမို့ ပင်ပန်းတာတွေ နာကျင်တာတွေကို အရေးမထားတော့ပါဘူး။ ကိုရီးယားကိုပြန်ရောက်လာခဲ့တဲ့ ယိင်းအတွက် ကိုရီးယား Company တစ်ခုကတည်း အစားအသောက်တွေပို့ပေးပြီး သူတို့ရဲ့ဂရုစိုက်မှုကို ပြသခဲ့ပါသေးတယ်။
ချစ်ခင်ရတဲ့အမတွေကလည်း ပန်းစည်းနဲ့ မုန့်တွေပို့ပေးတာကြောင့် ယိင်းတစ်ယောက် မေတ္တာတွေထဲမှာ ကျေနပ်မဆုံးဖြစ်နေခဲ့ပါတယ်။ ကိုယ်တိုင်အလုပ်မရှိသော်ငြားလည်း CDM တွေအတွက် ငွေကျပ် (၃၀၀၀၀) လှူဒါန်းခဲ့ပါသေးတယ်။ လူအားရောငွေအားပါ တတ်စွမ်းသလောက်ပါဝင်တဲ့ သူမကို ပရိသတ်တွေက အရင်ကထက်ပိုချစ်ပြီး ပိုအားပေးလာခဲ့ပါတယ်။ မျက်နှာလေးနဲ့လိုက်အောင် လှတဲ့စိတ်ထားလေးဟာ ယိင်းရဲ့ပုံရိပ်ကို အရင်ကထက်ပိုပြီးမြှင့်တင်ပေးခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Hanna Yuri's FB Acc