ကိုရီးယားနိုင်ငံတွင် မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတစ်ယောက်အနေနဲ့ ကြုံတွေ့ခံစားရတာတွေကို အင်တာဗျူးဖြေပေးခဲ့တဲ့ ဟန်နာယူရီ

//s9.kh1.co/cb/cb74a8fa3812d906c1f79d3ab36b30a218ea8199.jpeg
အနုပညာရှင်များ

 ၀၅-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့  ကြော်ငြာမင်းသမီးလေး  ဟန်နာယူရီကတော့  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ  တက်ကြွစွာ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် မမောနိုင်မပန်းနိုင်အောင် ပြည်သူတွေနဲ့အတူ  လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ သူမကို ပရိသတ်တွေက လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင်  သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့်လည်း  လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုSpeak Out လုပ်ပေးနေတာ ဖြစ်ပါတယ်။

Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 

ဟန်နာယူရီဟာ အခြေအနေအရပ်ရပ်ကြောင့်  ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။  ကိုရီးယားလူမျိုးတွေဟာ  မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတာတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အခုမှာလည်း ဟန်နာယူရီရဲ့Facebook Page တွင် ကိုရီးယားနိုင်ငံတွင် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်အနေနဲ့ ကြုံတွေ့ခံစားရတာတွေကို အင်တာဗျူးဖြေပေးခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 

သူမကလည်း " Back in city ! I did an interview about #WhatsHappeningInMyanmar ??

ကျွန်မမနေ့ကမြန်မာအရေးပါဝင်တဲ့

အနုပညာရှင်တစ်ယောက်အနေနဲ့ 

ကျွန်မတို့ကြုံတွေ့နေရတာတွေကို

မြန်မာပြည်မှာဖြစ်နေတာတွေInterview လုပ်ခဲ့ပါတယ်။ 

အရင်ကဒီနေရာတွေအလုပ်နဲ့သက်တောင့်သက်သာ

လာခဲ့ပေမယ့် အခုအချိန်မှာအခြေနေတွေမတူတာမို့

ကျွန်မအတွက်အရာရာပိုခက်ခဲပါတယ်ရှင်။

လက်ဗလာဘာမှမပြင်ဆင်ဘဲ "ထွက်လာခဲ့ရတဲ့

အခြေအနေမို့ ဘာဆိုဘာမှအခြေတကျမဖြစ်သေးပါဘူး

မနေ့ကinterview နေရာသွားဖို့

ပထမဆုံး Bus ကားတစ်ယောက်တည်းစီးခဲ့ပါတယ် 

လမ်းတွေမှားပြီး 45min လောက်

ယောင်ချာချာ လမ်းလျှောက်ခဲ့ပါတယ်ရှင်

ကျွန်မ ရအောင်ရှာရောက်သွားနိုင်ခဲ့ပါတယ်

ကျွန်မကEnglish လိုပဲဖြေဆိုခဲ့ပါတယ်

နိုင်ငံရေးသမားမဟုတ်တဲ့ပြည်သူတစ်ဦး

ခံစားချက်တွေပါ ကျွန်မနိုင်ငံကပြည်သူတွေကို

အရမ်းသနားတယ်။ကျွန်မတို့ရင်ဆိုင်ခဲ့ရတာ

တွေကိုပြောရင်းဝမ်းနည်းအားငယ်တာမို့ 

ပြောရင်းငိုခဲ့ပါတယ်။

ခုချိန်ထိကိုအန္တရယ်တွေထဲကနေ

ကျွန်မအတွက်စိတ်ပူပေးနေတဲ့ ကျွန်မချစ်မြတ်နိုးရတဲ့

Followers တွေအတွက်ပိုစိတ်မကောင်းဖြစ်မိပါတယ်

တတ်နိုင်သလောက်ကျွန်မက အစွမ်းကုန်ကြိုးစား

ရင်းကျွန်မချစ်တဲ့သူတွေနဲ့အမှန်တရားဘက်

ရပ်တည်နေမှာပါ။အများကြီးကူညီချင်တယ်။ဒီအချိန်မှာအားပေးစကားနဲ့ ဒီလိုလေးတွေပဲကူညီလုပ်ပေးနိုင်တဲ့အတွက်လည်းတောင်းပန်ပါတယ် အတူတူရှိနေမှာမို့

အားတင်းထားပေးပါရှင် ?" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဟန်နာယူရီကဲ့သို့ အခြားသောအနုပညာရှင်များကလည်း  သူတို့တတ်နိုင်တဲ့အခန်းကဏ္ဍကနေ Speak Out လုပ်ပေးနေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေလိုလားတောင့်တနေကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး အမြန်ဆုံးဖြစ်ပေါ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Hanna Yuri’s Facebook Page 

Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 
Photo Crd-Hanna Yuri’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T