ပရိသတ်ကြီးရေ.....အသံချိုချိုလေးနဲ့ သီချင်းကောင်းတွေ များစွာကို သီဆိုထားတဲ့ အမျိုး သမီးတေးသံရှင် မေမဒီကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကာ ဂီတအနုပညာရှင်မောင်နှမတွေနဲ့ အတူ လမ်းမပေါ်တွင် အားကြိုး မာန်တက် ပါဝင်လှုပ်ရှားကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်း စိတ်မလျော့သွေးမအေးပဲ ဆက်လက်ပါဝင် နေတုန်း ဖြစ်ပါတယ်။
ယခုလိုအချိန်မျိုးတွင် ပြည်သူလူထုကြီးကလည်း မှန်ကန်တဲ့ ဒီမိုကရေစီ မရမချင်း ရပ်တန့်သွားမှာ မဟုတ်ပဲ နည်းလမ်းမျိုးစုံနဲ့ ဆက်လက် ကြိုးစားဆောင်ရွက် နေကြတာကိုလည်း တွေ့မြင်ရပါတယ်။မေမဒီကလည်း သူမရဲ့မူလခံယူချက်အတိုင်း အမှန်တရားဘက်ကနေ ဆက်လက်ရပ်တည်နေကာ ဒီနေ့မှာဆိုရင်လည်း ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကို သမိုင်းမှာ လိမ်လို့ မရကြောင်းကို အခုလိုရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။
"အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ တစ်ကယ်ကိုယ်ကျိုးစွန့်နိုင်မှ .........??????ပြောင်းလဲသွားတဲ့လူတွေကိုလည်း အပြစ်မတင်ချင်တော့ပါဘူး အဓိကက ကိုယ်ဘာလုပ်ခဲ့လဲဆိုတာ ကိုယ်သိနေရင်ရပြီ ပစ္စုပ္ပန် နဲ့ အနာဂတ်မှာ လိမ်ချင်လိမ်လို့ရမယ် သမိုင်းမှာတော့ လိမ်လို့မရဘူးလေ......."ဆိုပြီး သူမရဲ့ လူမူကွန်ယက် စာမျက်နှာပေါ်တွင် မျှဝေလာတာ ပဲဖြစ်ပါတယ်။မေမဒီကို ချစ်တဲ့ ပရိသတ်တွေကလည်း သူမအတွက် ဆုတောင်းစကားလေးတွေ ပြောထားကြပါသေးတယ်နော်.....။
သတင်း အရင်းအမြစ်៖ May Madi FB Page