အိမ်ထောင်ဦးစီးဖြစ်သူက ကျည်ထိမှန်ပြီး ကျဆုံးသွားတာကြောင့် ကျန်ခဲ့တဲ့ဇနီးနဲ့ကလေးသုံးယောက်ကို ကူညီဖေးမပေးဖို့ တောင်းဆိုလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/07/07aed19af8b5fa5d1ca8e376631c568efa279fb6.jpg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အိမ်ထောင်ဦးစီးဖြစ်သူက ကျည်ထိမှန်ပြီး ကျဆုံးသွားတာကြောင့် ကျန်ခဲ့တဲ့ဇနီးနဲ့ကလေးသုံးယောက်ကို ကူညီဖေးမပေးဖို့ တောင်းဆိုလာတဲ့ ပြည်သူတစ်ဦး

မနေ့က ကျဆုံးသွားခဲ့တဲ့ ပြည်သူတွေရဲ့သတင်းကတော့ ကြားရသူအဖို့ တကယ့်ကို စိတ်မကောင်းဖြစ်မိစေလောက်တာ ဖြစ်ပါတယ် ။ အခုဆိုရင် ကျဆုံးသူတွေ တဖြည်းဖြည်း များပြားလာခဲ့ပြီဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ပြည်သူတွေလည်း အမြောက်အမြားရှိနေပြီ ဖြစ်ပါတယ် ။ အဲ့ဒီပြည်သူတွေအတွက် ကျန်တဲ့သူတွေအားလုံးက ကြိုးစားပေးဖို့လိုတာကြောင့် ယခုအချိန်အထိ လူထုလှုပ်ရှားမှုတွေကို မရပ်တန့်ဘဲ ရှေ့ဆက်လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ပြည်သူတစ်ဦးက ရှမ်းပြည်နယ် (‌မြောက်ပိုင်း)၊ နောင်ချိုမြို့မှာ ကျဆုံးခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့အကြောင်းကို ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ ကျည်ထိမှန်ပြီး ဆုံးပါးသွားခဲ့ရတဲ့ အဲ့ဒီအမျိုးသားရဲ့နာမည်က ဦးဝင်းနိုင်ဖြစ်ပြီး ဈေးရပ်ကွက်၊ နယ်မြေ (၉)မှာ နေထိုင်သူ ဖြစ်ပါတယ် ။ သူ့မှာတော့ ဇနီးဖြစ်သူနဲ့အတူ သားသမီး (၃)ယောက် ကျန်ရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အိမ်ထောင်ဦးစီးဖြစ်သူက ကျဆုံးသွားပြီဖြစ်တာကြောင့် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေခမျာ အကူအညီတွေလိုအပ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပြည်သူတစ်ဦးက "ကူနိုင်သူတွေ သွားရောက်ကူညီအားပေးကြပါ" ဆိုပြီး ဦးဝင်းနိုင်ရဲ့မိသားစုအတွက် ကိုယ်စားတောင်းဆိုပေးထားတာပဲ ဖြစ်ပါတယ် ။ ဦးဝင်းနိုင်တစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T