လက်ရှိကာလမှာဆိုရင် တစ်ကိုယ်တော်ပရဟိတသမားတွေလည်း အများအပြားထွက်ပေါ်လာပြီး အလှူရှင်တွေရဲ့စုပေါင်းအားနဲ့ ခက်ခဲနေသူတွေကို ကူညီပေးနေကြတာဖြစ်ပါတယ်။ပိုလျှံနေတဲ့ပြည်သူတွေကလည်း စေတနာအပြည့်နဲ့ ဝိုင်းဝန်းလှူဒါန်းနေတာကြောင့် ဒီကာလကို အဆင်ပြေပြေနဲ့ ဖြတ်ကျော်နေရတာပဲဖြစ်ပါတယ်။သက်ကြီးရွယ်အို အဘိုး၊အဘွားတွေ ဒုက္ခရောက်နေတာကိုတွေ့တဲ့အခါလည်း မိမိတို့ရဲ့မိသားစုဝင်လိုမျိုး ကြည့်ရှု့စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့တစ်ရက်မှာတော့ နေထိုင်စရာနေရာမရှိလို့ လမ်းဘေးမှာရပ်ထားတဲ့တွန်းလှည်းပေါ်မှာပဲ နေရတဲ့ အဘွားအိုတစ်ဦးအကြောင်းကို ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။အဘွားရဲ့အခြေအနေကိုတွေ့မြင်ပြီး သနားသွားကြတဲ့ စေတနာရှင်တွေက အလှူငွေတွေ ရက်ရက်ရောရောလှူဒါန်းပေးကြတာဖြစ်ပါတယ်။ပြည်သူတစ်ဦးလည်း အဘွားနေထိုင်ဖို့အတွက် တိုက်ခန်းလေးငှါးပြီး စာချုပ်ချုပ်ပေးလိုက်တာဖြစ်ပါတယ်။
ပရဟိတစိတ်ဓာတ်အပြည့်အဝရှိတဲ့ပြည်သူကတော့ အဘွားရဲ့ ပစ္စည်းတွေပြောင်းရွှေ့တာကအစ တိုက်ခန်းပေါ်ရောက်တဲ့အထိ သေချာကြည့်ပေးခဲ့တာဖြစ်ပါတယ်။မိုးမလုံ၊လေမလုံတဲ့နေရာကနေ လုံလုံခြုံခြုံနေရာလေးမှာနေထိုင်ရတဲ့အဘွားအတွက် ဝမ်းသာနေမိတာဖြစ်ပါတယ်။အခုလိုမျိုး ဒုက္ခရောက်နေသူကို စာနာနားလည်ပေးကြတဲ့ ပြည်သူတချို့ရဲ့ အလှူဒါနကို သာဓုခေါ်ရင်း ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder